Razer Blade (2015 version)

razer-blade-2015-02.jpg

အားသာချက်

Razer Blade တွင် ထူးခြားစွာ ကောင်းမွန်သော display အပြင် လွယ်ကူစွာ အသုံးပြုနိုင်သည့် keyboard  နှင့်  touchpad  လည်းပါဝင်လာသည်။ Razer Blade သည် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ရှိသည့် laptop တစ်မျိုးဖြစ်သည်။

အားနည်းချက်

Razer Blade laptop ကို အချိန်အနည်းငယ်မျှ အသုံးပြုပါက ပူလာမည်ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် laptop ၏အပူချိန် ကျသွားရန် ပန်ကာသုံးစွဲရန် လိုအပ်သည်။ ထိုသို့ laptop ၏ အပူချိန် မြင့်တက်လာရခြင်းမှာ ထုတ်ကုန်၏ ပါးလွှာပေါ့ပါးမှုရှိသော ကိုယ်ထည်ကြောင့် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်

အကယ်၍ သုံးစွဲသူများ အနေဖြင့် ဂိမ်းကစားခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်ရှုရန်အတွက် Razer Blade သည် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သည်။ Razer Blade သည်ပါးလွှာပြီး ပေါ့ပါးမှုရှိသော gaming laptop တစ်မျိုး ဖြစ်သည်။

Razer Blade laptop ၏ကိုယ်ထည်တွင် ၂၀၁၄ ခုနှစ်ဗားရှင်းက အသုံးပြုခဲ့သော အလူမီနီယမ်ကို အသုံးပြုထားပြီး အလေးချိန်မှာ ၄.၅ ပေါင် (၂ကီလိုဂရမ်) နှင့် အထူမှာ ၀.၇ လက်မ (၁၇.၉ မီလီမီတာ) ရှိသည်။ Razer Blade laptop ၏ မျက်နှာပြင် အရွယ်အစားမှာ ၁၄ လက်မရှိပြီး ရုပ်ထွက် အရည်အသွေး 3,200 x 1,800 ရှိကာ touchscreen ကို အသုံးပြုနိုင်သည်။ Razer Blade ၏ CPU မှာ 2.6GHz Intel Core i7 4720HQ, Memory 16GB DDR3 SDRAM1 1,600MHz, Graphics 3GB Nvidia Geforce GTX 970M, storage 256GB SSD နှင့် Windows 8.1 (64 bit) ကို အသုံးပြုထားသည်။

ဘက်ထရီ

Razer Blade laptop ဖြင့် ဗီဒီယိုများကို ၄ နာရီနှင့် ၃၆ မိနစ်အထိ ကြည့်ရှုနိုင်ပြီး ၂၀၁၄ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Razer Blade ထက် ၁၀ မိနစ် သာလွန်ကြောင်း သိရသည်။