USB Drive ကို Ubuntu OS ပေါ်တွင် Encrypt ပြုလုပ်ခြင်း

usb-encrypt-disks-utility.jpg

Ubuntu OS ပေါ် ကနေ USB Drive ကို Encrypt ပြုလုပ်ပြီး အသုံးပြုချင် သူတွေအနေနဲ့ အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ USB Drive ကို အခြားသောသူတွေ အလွယ်တကူ ဝင်ရောက် မကြည့်ရှု နိုင်စေရန်နဲ့ မိမိအချက်အလက်များ လုံခြုံမှုရှိ စေရန်အတွက် Encrypt ပြုလုပ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

USB Drive Encrypt မပြုလုပ်ခင်မှာ ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့် ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

နောက်တစ်ဆင့်ကတော့ USB  Drive ကို Encrypt ပြုလုပ်ပေးနိုင်မယ့် Cryptsetup ဆိုတာကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install -y cryptsetup

ဆိုတဲ့ Command ပဲဖြစ်ပါတယ်။ အဆိုပါ Command ကိုအသုံးပြုပြီးရင် Ubuntu OS မှာ အသုံးပြုထားတဲ့ Password ကို Terminal မှာ ရိုက်ထည့်ပေးလိုက်ပါ။ သက်ဆိုင်ရာ Package တွေကို

Download ပြုလုပ်ပြီး တစ်ခါတည်း Install ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အားလုံးပြီးသွားပြီဆိုရင် Crypt Utilities ကိုဖွင့်လိုက်ပါ။ USB Drive ကို ကွန်ပျူတာမှာ တပ်ဆင်ပြီး Encrypt ပြုလုပ်ဖို့အတွက် Format ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Format ပြုလုပ်ရမယ့် နေရာမှာ Password ကို တစ်ခါတည်း ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ Encrypt ပြုလုပ်ဖို့အတွက် Format ပြုလုပ်ရမှာဖြစ်လို့ အရေးကြီး Data တွေကိုတော့ Backup ပြုလုပ်ပေး ထားသင့်ပါတယ်။