Facebook နှင့် ယှဉ်ပြိုင်မည့် ဗီယက်နမ် chat app Zalo ကို သုံးစွဲသူ သန်း ၃၀ အထိရှိလာ

zalo-30-million-720x479.jpg

ဗီယက်နမ် နည်းပညာကုမ္ပဏီ VNG သည် ၎င်း၏ chat app Zalo ကို ကမ္ဘာတစ်ဝန်းမှ စာရင်းပေးသုံးစွဲသူ သန်း ၃၀ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုအခါတွင် Zalo သည် တစ်ရက်လျှင် message သန်း ၄၀၀ မြင်တွေ့ နေရပြီ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက Zalo ကိုသုံးစွဲသူ ၁၀ သန်းသာရှိရာမှ ပြီးခဲ့သည့်နှစ် ယခုလမှစ၍ သုံးစွဲသူ သန်း၂၀ နီးပါး ရှိလာသည်။

အဆိုပါ အရေအတွက်သည် ဗီယက်နမ်နိုင်ငံအတွက် ထူးခြားသည့် တိုးတက်မှုဖြစ်ပြီး ဒေသတွင်းရှိ လူများစုသည် WeChat, Line, KakaoTalk နှင့် ကမ္ဘာတစ်ဝန်း အသုံးပြုကြသော Whatsapp နှင့် Viper ကို အသုံးပြုလျက် ရှိသည်။ အရှေ့တောင် အာရှအခြေစိုက် chat app တစ်ခုဖြစ်သည့် Zalo အနေဖြင့် ဒေသတွင်းဈေးကွက်မှ အခြားဈေးကွက်များသို့ အထိုက်အလျောက် တိုးချဲ့နိုင်သည်။ ဗီယက်နမ် နိုင်ငံ၏ စမတ်ဖုန်း သုံးစွဲသူ အရေအတွက်သည် သန်း ၄၀ အထိရှိလာပြီး လာမည့် နှစ်ကုန်ပိုင်းတွင် စမတ်ဖုန်း သုံးစွဲသူ သန်း ၅၀ အထိ ရောက်ရှိဖွယ် ရှိသည်။ ထို့ကြောင့် လက်ရှိတွင် ဗီယက်နမ်၌ စမတ်ဖုန်း သုံးစွဲမှုသည် နိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းရှိသည်။ ဗီယက်နမ်နိုင်ငံ၏ စမတ်ဖုန်း သုံးစွဲမှု အရေအတွက်ပေါ်တွင် အခြေခံ၍ Zalo ကိုသုံးစွဲမှု ၇၅ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ ထို့အပြင် ၂၀၁၆ ခုနှစ်ကုန် ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၌ စမတ်ဖုန်း သုံးစွဲသူ သန်း ၅၀ ရှိလာပါက Zalo သုံးစွဲသူ သန်း ၄၀ အထိ ရောက်ရှိလာဖွယ် ရှိသည်။

Zalo ကို သုံးစွဲသူများသည် ဖုန်းနံပါတ်ကို အလုံးစုံ စာရင်းပေး၍ ခွင့်ပြုပေးသည့် ဝန်ဆောင်မှုဖြစ်သည်။ Zalo ကို လစဉ်သုံးစွဲမှုသည် လစဉ် ၁၈ သန်းခန့်ရှိသည်ဟု ရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်း TechInAsia က ဖော်ပြခဲ့သည်။ အဆိုပါ ကိန်းဂဏန်းမှာ အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။

Ref: TechInAsia