အသံနှင့်ဘက်ထရီပိုင်း ကောင်း မွန်သည့် Sony Xperia E4 စမတ်ဖုန်း ပြည်တွင်း ဈေးကွက်ဝင်

sony-xperia-e4-(1).jpg

Sony Xperia E4 မော်ဒယ် စမတ်ဖုန်းကို ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း Sony Myanmar မှ သိရသည်။

အဆိုပါ မော်ဒယ်သစ် စမတ်ဖုန်းတွင် အသံပိုင်းကို အထူးကောင်းမွန်စေမည့် Walkman app စနစ်ထောက်ပံ့ ပါဝင်ပြီး ယင်း App ၏ Xloud စနစ်သည် ပတ်ဝန်းကျင်ရှိ မလိုအပ်သော ဆူညံသံများကို စစ်ထုတ် ပေးနိုင်ကြောင်း သိရသည်။ ထို့ပြင် ဘက်ထရီပိုင်း အတွက် STAMINA Mode စနစ်ထောက်ပံ့ ပါဝင်ပြီး အဆိုပါ စနစ်သည် ဖုန်း၏ ဘက်ထရီ သုံးစွဲနိုင်မှု အချိန်အား ပုံမှန်ထက်လေးဆ နီးပါးရရှိအောင် တိုးမြှင့်ပေး နိုင်မည်ဖြစ်သည်။

“Sony စမတ်ဖုန်းကို ဈေးနှုန်း သက်သာစွာနဲ့ သုံးနိုင်မဲ့ဖုန်းပါ။ တရားဝင် အာမခံနဲ့ကို ၁၃၉,ဝဝဝ ကျပ်ပဲရှိပါတယ်။ နောက်ပြီး ဝယ်ယူတဲ့ သုံးစွဲတွေအတွက် ကျပ် ၆ဝ,ဝဝဝ အခမဲ့ ငွေဖြည့်ပေးမှု ပါဝင်တဲ့ Ooredoo SIM ကတ်၊ Screen Guard နှင့် ဆီလီကွန် ကာဗာကို လက်ဆောင်အနေနဲ့ ထည့်သွင်း ရောင်းချပေးမှာ ဖြစ်ပါတယ်” ဟု Sony Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Xperia E4 သည် GSM နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော Dual SIM အမျိုးအစားဖြစ်ပြီး မြင်ကွင်း အရွယ်အစား ၅ လက်မ ရှိမည်ဖြစ်သည်။ Quad-core 1.3GHz အမျိုးအစား CPU နှင့် Mali-400 MP2 GPU စနစ်များ ပါဝင်ပြီး 1GB RAM နှင့် သိုလှောင်မှု ပမာဏ 8GB ပါဝင်ပြီး 32GB ထိထပ်မံ တိုးမြှင့် အသုံးပြုနိုင်မည် ဖြစ်သည်။ 5MP နောက်ကင်မရာနှင့် 2MP ရှေ့ကင်မရာများကို တပ်ဆင်အသုံးပြု ထားကြောင်းသိရသည်။ Android OS v4.4.4 (KitKat) ကို ထည့်သွင်းထားပြီး ဘက်ထရီမှာ 2300 mAh အမျိုးအစား ဖြစ်သည်။

၎င်း Xperia E4 ကို ရန်ကုန်သာမဘဲ အမြို့မြို့ အနယ်နယ်ရှိ Sony Showroom များ၊ Wai Yan Electronic ဆိုင်များနှင့် Sony Official Dealer ဆိုင်ကြီးများတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။