Motocross Elite

screen520x924.jpeg

Motocross Elite ဆိုသည့် ဂိမ်းသည် iOS ပေါ်တွင် ဆော့ကစားနိုင်မည့် ဂိမ်းတစ်ခုဖြစ်သည်။ ဆိုင်ကယ်ပြိုင်ရမည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး၊ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းမောင်းနှင်ရမည်ဖြစ်သည်။ ရုပ်ထွက်ကောင်းမွန်စေရန်အတွက် 3D Graphic ကို အသုံးပြုပေးထားသည်။ ဆိုင်ကယ်များကို ရွေးချယ်၍ မောင်းနှင်နိုင်မည်ဖြစ်ပြီး၊ Multiplayer အနေနှင့်လည်း ဆော့ကစားနိုင်မည်ဖြစ်သည်။

အဆိုပါဂိမ်းကို ဆော့ကစားခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပြီး ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်၍ ဆော့ကစားခွင့်ရရှိမည်ဖြစ်သည်။ iOS Version 6.0 နှင့် အထက်တွင် ဆော့ကစားနိုင်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။