Easy Home Tablet

Easy-Home-Tablet-.jpg

WiFi စနစ် ကောင်းမွန်သည့်အတွက် အင်တာနက်အသုံးပြုရာတွင် အဆင်ပြေစေသော Easy Home အမှတ်တံဆိပ် ၇ လက်မအရွယ် Tablet ဖြစ်သည်။ ဆင်းမ်ကတ် ထည့်သွင်းအသုံးပြုနိုင်ခြင်းမရှိဘဲ ဂိမ်းနှင့် အင်တာနက်အတွက် အထူးသီးသန့်ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။ Screen Resolution 1024 x 600 ရှိသော Capacitive touch Screen နှင့် ဖြစ်သည်။ Android v4.2 Jelly Bean OS ကို ထည့်သွင်းအသုံးပြုထားသည်။ Dual Core 1.3 GHz CPU နှင့်   RAM 512MB ထည့်သွင်း အသုံးပြုထားသည်။ Micro SD, Micro USB နှင့် HDMI တို့ဖြင့် ချိတ်ဆက် ဆက်သွယ်နိုင်မည် ဖြစ်သည်။ စကရင်ဘက် အခြမ်းတွင် ကင်မရာတစ်လုံး ပါဝင်သည်။ E book အတွက် ANSI, Unicode TXT, PDF များအသုံးပြုနိုင်သလို တေးဂီတအတွက် MP3, WMA, AAC, WAV Format များကို ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဓာတ်ပုံကို Jpeg, BMP, GIF ဖိုင်များဖြင့် ကြည့်နိုင်ပြီး ဗီဒီယိုကို AVI, MP4, MKV, 3GP, MOV ဖိုင်များ ထည့်သွင်းကြည့်ရှုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ကျပ်လေးသောင်းခန့်ဖြစ်ပြီး Two Star ဖုန်း – ၀၉-၄၂၁၀၁၉၅၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။