Clone Magic

CLone.jpg

မိမိဓာတ်ပုံကို နေရာတစ်ခုတည်းတွင် ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ရိုက်ကူးချင်သူများအတွက် အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ ဓာတ်ပုံများကို ၂ ပုံမှ ၆ ပုံအထိ ထည့်သွင်း၍ ရိုက်ကူးနိုင်မည်ဖြစ်ပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများအား လူမှုကွန်ရက် ဝက်ဘ်ဆိုက်များဖြစ်သည့် Facebook, Twitter, Instagram အစရှိသည်တို့ အပေါ်တွင် ဝေမျှနိုင်ရန်အတွက်လည်း စီစဉ်ဖန်တီးပေးထားသည်။

အဆိုပါ App အား iTunes တွင် ယခင်က ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါတွင် အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 6.0 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။