Yelp နှင့် ယှဉ်ပြိုင်မည့် Places Directory ကို Facebook မိတ်ဆက်

10708725_10152762311806422_2233996426155635034_o.png

ကမ္ဘာတစ်ဝန်းရှိ မြို့များ၏ သွားရောက်သင့်သည့် အကောင်းဆုံး နေရာများကို ရှာဖွေပေးနိုင်မည့် Places Directory သစ်ကို Facebook က မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ Places Directory တွင် သက်ဆိုင်ရာ မြို့ကို ထည့်သွင်း ရှာဖွေသည့်အခါ ၎င်းမြို့ရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဘားများ၊ ကော်ဖီဆိုင်များ၊ အနုပညာနှင့် ဖျော်ဖြေရေး စင်တာများ၊ အားကစားရုံများ၊ ရုပ်ရှင်ရုံများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ပြဇာတ်ရုံများ၊ စူပါမားကတ်များနှင့် အထင်ကရ အဆောက်အအုံများကို ဖော်ပြပေးမည် ဖြစ်သည်။

ရှာဖွေမှု ရလဒ်များကို သုံးစွဲသူ၏ အဆင့်သတ်မှတ်ချက်နှင့် သူငယ်ချင်းများ၏ ထင်မြင်ချက်များဖြင့် ဖော်ပြပေးမည် ဖြစ်သည်။ Facebook ၏ Places Directory ကို Graph Search, Page Locations API နှင့် အခြားသော Facebook platform တို့ဖြင့် ချိတ်ဆက်ထားသည်။

၎င်းသည် အခြားသော ပြည်တွင်း ရှာဖွေမှုနှင့် ခရီးသွားဝက်ဘ်ဆိုက်များကို အစားထိုးနိုင်ခြင်း မရှိသေးသော်လည်း သူငယ်ချင်းများ၏ စိတ်ချယုံကြည်ရသည့် သုံးသပ်ချက်များနှင့် ထင်မြင်ချက်များနှင့်အတူ ဖော်ပြပေးသောကြောင့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်သည်။

Ref: TheVerge