Browser extension

Browser extension ဆိုသည်မှာ web browser တစ်ခုတွင် အသုံးပြုနိုင်သည့် ကွန်ပျူတာ ပရိုဂရမ်တစ်ခု ဖြစ်သည်။ အခေါ်အဝေါ်မှာ browser နှင့် version အပေါ်မူတည်ပြီး plug-in, add-on ဟူ၍ အသုံးအနှုန်း ကွဲပြားသည်။

Mozilla Add-ons ဆိုသည်မှာ Mozilla Firefox, Mozilla Thunderbird, SeaMonkey နှင့် Mozilla Sunbird စသော Mozilla software များအတွက် add-ons များ ထောက်ပံ့ပေးထားသည့် တရားဝင် Mozilla Foundation website ဖြစ်သည်။ ၎င်း add-on များတွင် extension များ၊ theme များ၊ dictionary များနှင့် plugin များပါဝင်သည်။ ဒိုမိန်းနာမည် addons.mozilla.org ကြောင့် ၎င်း website ကို AMO ဟူ၍ လူသိများသည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ကုမ္ပဏီ၏ ကြေညာချက်အရ Mozilla Add-ons website မှ add-on များကို download ပြုလုပ်သည့် အရေအတွက် သန်း ၆၀၀ ကျော်ရှိခဲ့ပြီး add-on များကို နေ့စဉ် update ပြုလုပ်သည့် အရေအတွက် သန်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။

Google Chrome Extensions ဆိုသည်မှာ Google Chrome browser ကို ပြုပြင်မွမ်းမံနိုင်သော browser extension ဖြစ်သည်။ ၎င်း extension များကို HTML, JavaScript, CSS စသည့် web နည်းပညာများနှင့် ရေးဆွဲထားသည်။ Google Chrome Extension များကို Chrome Web Store https://chrome.google.com/webstore မှ download ပြုလုပ်နိုင်သည်။