Chinese Wall

Chinese wall ဆိုသည်မှာ နှစ်ခုနှင့် အထက် ပိုမိုသော အစုအဝေးများကို သီးခြားဖြစ်အောင် ပြုလုပ်သည့် အတားဆီး တစ်ခု၊ ပုံမှန်အားဖြင့် အချက်အလက်စီးဆင်းမှုကို ကန့်သတ်ချုပ်ချယ်သည့် အတားအဆီး တစ်ခု ဖြစ်သည်။

၎င်းအစုအဝေးများကို အဆောက်အဦ ဧရိယာ ကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများ၊ ပေါ်လစီများနှင့် ကန့်သတ်ပိုင်းခြားထားနိုင်သော်လည်း တကယ်တမ်းတွင် Chinese Wall က အမြင်သဘောထားပေါ်တွင်သာ အခြေခံသည်။ Chinese wall အယူအဆကို ဘဏ္ဍာရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ software ဖွံ့ဖြိုးတိုးတက်မှု၊ စီမံကိန်းဆိုင်ရာ စီမံထိန်းချုပ်မှု၊ ကွန်ရက် လုံခြုံရေး၊ ဥပဒေနှင့် သတင်းပညာ အပါအဝင် အမျိုးမျိုးသော နယ်ပယ်တွေ၌ အသုံးပြုကြသည်။

Chinese wall ဟူသော အသုံးအနှုန်းကို ၁၉၂၉ ခုနှစ် စတော့ဈေးကွက် ပြိုလဲပြီး နောက်ပိုင်း၌ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အမေရိကန် ဈေးကွက်သည် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သီအိုရီ တစ်ခုအရ ၎င်းပြိုလဲမှုသည် ဈေးနှုန်းကို ကြိုးကိုင်ခြယ်လှယ်မှုကြောင့် ဖြစ်ပေါ်လာသည့် စတော့တန်ဖိုး မတန်တဆ မြင့်တက်ခြင်းနှင့် အတွင်းလူ၏ တရားမဝင် အမြတ်ထုတ်မှု အကျိုးဆက်ကြောင့် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ပြိုလဲမှု နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဘဏ်များအား ခွဲခြားနိုင်သည့် ဥပဒေ စည်းမျဉ်းစည်းကမ်းကို လွှတ်တော်က ပြဋ္ဌာန်းခဲ့သည်။

Chinese wall ကို ကျူးကျော်သူများ မဝင်ရောက်နိုင်အောင် တားဆီးရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ အကြာက တည်ဆောက်ခဲ့သည့် မဟာတံတိုင်း (Great Wall of China) အနေဖြင့်လည်း ညွှန်းဆိုကြသည်။