Nano-crystal ကာလာ နည်းပညာ အသုံးပြုထားသည့် Samsung SUHD TV များ မကြာမီ ပြည်တွင်း ဈေးကွက် ဝင်ရောက်မည်

11218478_10204385021686724_4809610966762863084_n.jpg

Samsung မှ နောက်ဆုံးထွက်ရှိထားသည့် Nano-crystal ကာလာ နည်းပညာ အသုံးပြုထားသော SUHD TV များကို ကိုရီးယား-မြန်မာ ဆက်ဆံရေး နှစ် (၄၀) ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်သည့် “2015 Korea Expo” ပြပွဲ၌ စတင်မိတ်ဆက်သွားမည်ဖြစ်ကြောင်း Samsung Myanmar မှ သိရသည်။

Samsung SUHD TV များသည် အကောင်းဆုံး အာရုံခံနိုင်စွမ်းနှင့် တီထွင်ဆန်းသစ်မှုတို့ ပေါင်းစပ်ထားပြီး မျက်နှာပြင်ကွေး အမျိုးအစား TV များ ဖြစ်သည်။ အနုပညာ အာရုံကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်ပြီး ချောမွေ့ကောင်းမွန်သော Tizen OS အသစ်နှင့် ပုံရိပ်နည်းပညာများ ထည့်သွင်းထားကြောင်း သိရသည်။

2015 Korea Expo ကို ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) တွင် မေလ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်းမှ ဝယ်ယူ သုံးစွဲသူများ အနေဖြင့် Samsung SUHD TV ကို အဆိုပါ ပြပွဲ၌ ကြည့်ရှုခံစားနိုင်မည့်အပြင် မည်သည့် Samsung SUHD TV ကို ဝယ်ယူပါက Samsung မှ အထူး သီးသန့် လက်ဆောင် ပစ္စည်းများကို ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Samsung Myanmar ၏ အရောင်းမြှင့်တင်ရေး အစီအစဉ်အရ တန်ဖိုး ၃၉ သိန်းကျပ် ဝန်းကျင်ရှိ ၅၅ လက်မနှင့် တန်ဖိုး ၅၉ သိန်းကျပ် ဝန်းကျင်ရှိ ၆၅ လက်မအရွယ်အစား SUHD TV ဝယ်ယူသူများအား Soundbar (သို့) Blu-ray player တစ်ခုနှင့် Galaxy Tab A (၈ လက်မ) တစ်လုံးနှင့် တန်ဖိုး ၁၄၇ သိန်းကျပ်ကျော်ရှိ ၇၈ လက်မအရွယ်အစား SUHD TV ဝယ်ယူသူများအား Home Theatre တစ်ခုနှင့် Galaxy S6 တစ်လုံး လက်ဆောင်အနေဖြင့် ထည့်သွင်းပေးသွားမည် ဖြစ်သည်။