ငါးနာရီအတွင်း Twitter ကမ္ဘာ့စံချိန် ချိုးဖျက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား

11295596_10152929517167825_5975708828037923986_n.jpg

အမေရိကန် သမ္မတအိုဘားမားသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ၎င်း၏ Twitter account (@POTUS) အတွက် sign up ပြုလုပ်ခဲ့ပြီးနောက် ငါးနာရီအတွင်း follower ၁ သန်းအထိ ရရှိခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရသည်။

အိုဘားမား၏ စံချိန်သည် ယခင်က ရုပ်ရှင်သရုပ်ဆောင် ရောဘတ်ဒေါင်နေဂျူနီယာ၏ ၂၄ နာရီအတွင်း တင်ထားခဲ့သည့် စံချိန်ကို ကျော်ဖြတ်သွားခဲ့သည်။

ယခုအကြိမ်သည် အိုဘားမားအနေဖြင့် Twitter ကို ပထမဆုံးအသုံးပြုမှု မဟုတ်ဘဲ ယခင်က အိမ်ဖြူတော်၏ စီမံခန့်ခွဲမှုအောက်တွင် (@WhiteHouse) ဖြင့် tweet ပြုလုပ်ခဲ့ဖူးသည်။ ထို့အပြင် ၎င်းသည် အိမ်ဖြူတော် Twitter account အပြင် ဝန်ထမ်းများက စီမံခန့်ခွဲသော @BarackObama account ကိုလည်း အသုံးပြုခဲ့သည်။

အိမ်ဖြူတော်ကမူ @POTUS မှ tweet များသည် သမ္မတထံမှ တိုက်ရိုက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အိုဘားမားသည် Twitter ၌ ”ဟယ်လို Twitter” ဟူသည့် tweet ဖြင့်မိတ်ဆက် အသုံးပြုခဲ့သည်။ ထို့နောက် သမ္မတ အိုဘားမားက နယူးဂျာစီပြည်နယ် ကန်ဒန်မြို့သို့ သွားရောက်လည်ပတ်ရာတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံနှစ်ပုံနှင့် ၂၀၁၅ ခုနှစ် ကမ်းရိုးတန်းစောင့်တပ် သင်တန်းအတွက် အဖွင့်မိန့်ခွန်းကိုလည်း Twitter တွင် ဖော်ပြခဲ့သည်။

Ref: Mashable