Bug Bounty Program

Hacker bounty program နှင့် vulnerability rewards program (VRP) ဟူ၍ ခေါ်ဆိုကြသည့် bug bounty program ဆိုသည်မှာ software တစ်ခု၏ ချို့ယွင်းချက်ကို ရှာဖွေပြီး ဆုကြေးငွေ ပေးအပ်သော အဖွဲ့အစည်းထံ တင်ပြပေးသည့် crowdsourcing ပမာဏခြေလှမ်းတစ်ရပ် ဖြစ်သည်။

Software ထုတ်လုပ်ရောင်းချသူ အများစုနှင့် website အများစုသည် bug bounty program များကို အသုံးပြုကြသည်။ အဆိုပါ program များသည် တိုက်ခိုက်သူများ ချိုးဖောက်ဝင်ရောက်နိုင်သော software အားနည်းချက်များကို ရှာဖွေပြီး တင်ပြသည့် software လုံခြုံရေးသုတေသီများနှင့် white hat hacker များကို ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ကုမ္ပဏီအများစုသည် အဖွဲ့အစည်း၏ ပမာဏနှင့် သုံးစွဲသူများထံ အားနည်းချက်၏ သက်ရောက်မှုအပေါ် မူတည်ပြီး ဆုကြေးငွေ ပေးအပ်ကြသည်။ ဥပမာအနေနှင့် Mozilla က အားနည်းချက် ရှာဖွေတွေ့ရှိသူများကို အမေရိကန်ဒေါ်လာ ၃,၀၀၀ ပေးအပ်ပြီး Facebook က အားနည်းချက် အစီရင်ခံစာ တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ပေးအပ်သည်။ Google ကလည်း ၂၀၁၂ ခုနှစ်တွင် Chrome operating system အားနည်းချက် တင်ပြသူများကို အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ ပေးအပ်ခဲ့သည်။ Microsoft က ယူကေသုတေသီ ဂျိမ်းစ်ဖော်ရှောကို Windows 8.1 ၏ အားနည်းချက်တစ်ခုအတွက် ပေးအပ်ခဲ့သည့် ဆုကြေး အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ မှာ လတ်တလော အများဆုံး ပေးအပ်သော ဆုကြေးငွေဖြစ်သည်။