F.A.M.E မှ ပထမဆုံးအကြိမ် Diploma ပေးအပ်ပွဲ ကျင်းပပြု လုပ်

Fame-1.jpg
Fame-2.jpg
Fame-3.jpg
Fame-4.jpg

Forver Academic Accountancy and Management Education (F.A.M.E) မှ ပထမဆုံးအကြိမ်ဖြစ်သော Diploma ပေးအပ်ပွဲကို မေလ ၁၇ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ Gandamar Grand Ballroom ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား စာရေးဆရာလင်းသိုက်ညန့် (မြန်မာမြေ) မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး Christopher Thaik မှ IQN(UK) Diploma များကို ရရှိထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရရှိနိုင်သော အခွင့်အလမ်းများကို ပြောကြားသွားခဲ့သည်။

“အစ်မတို့ ကျောင်းအနေနဲ့ Diploma ပေးအပ်ပွဲကို တစ်နှစ်တစ်ကြိမ်လုပ်ဖို့တော့ ရှိပါတယ်။ အခုပေးတဲ့ Diploma Course တွေကတော့ Diploma in Marketing, Strategic Management, Diploma in HRM စတဲ့ Course တွေကို အောင်မြင်တဲ့ကျောင်းသားတွေကို Diploma ပေးအပ်ပွဲလုပ်တာပါ” ဟု F.A.M.E မှ Managing Director မနန်းစောစုစန္ဒီသိန်းက ပြောကြားခဲ့သည်။