iPhone 6 နှင့် 6 Plus အတွက် Lightning Dock ကို Apple မိတ်ဆက်

11217680_10152927061257825_8558555284667838561_n.jpg

Apple သည် iPhone 6 နှင့် iPhone 6 Plus အတွက် ကိုယ်ပိုင် Lightning Dock ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ dock သည် Apple ၏ နောက်ဆုံးပေါ် iPhone များ မိတ်ဆက်ပေးခဲ့ပြီး ကိုးလအကြာတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ဈေးကွက်အတွင်းရှိ third-party dock များစွာနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

ယခင် dock များနှင့် မတူသည်မှာ အသစ်မိတ်ဆက်ပေးခဲ့သည့် Lightning Dock သည် iPhone 6 နှင့် 6 Plus နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင်ရန် ပြုလုပ်ထားပြီး iPhone ကို case ဖြင့် အသုံးပြုလျှင်ပင် dock ၌ အလွယ်တကူ တပ်ဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် lightning port outlet တစ်ခုနှင့် နားကြပ်များအတွက် audio line-out port တစ်ခုလည်း ပါဝင်သည်။

၎င်း Lightning Dock ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၉ ဖြစ်သည်။

Ref: CNET