Data Artist

Data artist ဆိုသည်မှာ ရှုပ်ထွေးသည့် အချက်အလက်များကို အခြားသူများ နားလည်စေရန်အတွက် graph များ၊ chart များ၊ infographic များနှင့် အခြား visual tool များဖြင့် ဖန်တီးဖော်ပြသည့် business analytics (BA) ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်။

အများပိုင် အခန်းကဏ္ဍတွင် data artist တစ်ဦးသည် အရေးပါသည့် အကြောင်းအရာများနှင့် လူဦးရေ၊ အများပြည်သူ ကျန်းမာရေးတို့ပါဝင်သည့် pattern များဖြင့် အချက်အလက်များကို ဖော်ပြသည်။ ပုဂ္ဂလိက ကဏ္ဍတွင် data artist တစ်ဦးသည် အဖွဲ့အစည်းတစ်ခု၏ အချက်အလက်ဖြင့် စီးပွားရေးလုပ်ငန်းသုံး user များအတွက် ရှင်းလင်းပြီး အလွယ်တကူ နားလည်နိုင်သည့် အချက်အလက်များကို ဖော်ပြပေးသည်။

အချို့သော အဖွဲ့အစည်းများတွင် data artist များသည် business intelligence နှင့် ဂရပ်ဖစ်ဒီဇိုင်းဌာနများ အကြားရှိ ကွာဟမှုများကို ဖြည့်ဆည်းပေးသည်။ အခြား အဖွဲ့အစည်းများတွင် အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ချက်များ ရေးဆွဲပေးသည့် data scientist များက အချက်အလက်များ ဖော်ပြပုံနှင့် တင်ဆက်ပုံတို့ကို တာဝန်ယူ ဆောင်ရွက်သည်။

Data artist တစ်ဦး အောင်မြင်မှုရရှိရန် အတွက် ၎င်းအနေဖြင့် သိပ္ပံ၊ သချာင်္နှင့် data visualization တို့တွင် ထက်မြက်ရန်လိုအပ်သည်။ ထို့အပြင် တစ်ဦးတစ်ယောက်တည်းဖြင့် ဖန်တီးနိုင်စွမ်းရှိရမည် ဖြစ်သလို ပြောဆိုဆက်ဆံရာတွင်လည်း ကျွမ်းကျင်မှု အားကောင်းရန် လိုအပ်ပြီး မတူညီသော visualization software program များနှင့် tool များဖြင့်လည်း ရင်းနှီးကျွမ်းဝင်မှု ရှိရန်လိုအပ်သည်။