Pisen Wired Headset

Pisen-Wired-Headset.jpg

ခပ်ပါးပါး၊ ခပ်ကျစ်ကျစ်ဒီဇိုင်း ပုံစံရှိသော Pisen အမှတ်တံဆိပ် Wired Headset ဖြစ်သည်။ အသံထွက် ရှင်းလင်းပြတ်သားပြီး Bass အသံကို လုံးထွေးမနေစေဘဲ အချက်တိုင်း မိမိစိတ်တိုင်းကျဖြစ်စေမည်ဟု သိရသည်။ Soft Leather Earpad ဖြင့် အသုံးပြုထားသောကြောင့် မိမိနားတွင် သက်သောင့်သက်သာစွာဖြင့် တပ်ဆင်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။ 3.5mm Plug နှင့် High sensitivity moving coil ပါဝင်သောကြောင့် အသံဆွဲအား ပိုကောင်းသည်ဟု သိရသည်။ နားကြပ်ခေါင်းကိုလည်း လိုသလို လှည့်သုံးနိုင်မည် ဖြစ်သည်။ အရောင်စုံလင်စွာရှိသည့်အတွက် ကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ နားကြပ်နှစ်ခုကို ဆက်ထားသော ကြိုးလုံးမှာ ဘောလ်ပင်မင်ချောင်းသာသာရှိပြီး  အဝေးမှကြည့်ပါက ဘီးကုပ်ကလေး တစ်ခုကဲ့သို့ ဆွဲဆောင်မှုရှိသည့်အတွက်ကြောင့် မိန်းကလေးများ အကြိုက်တွေ့စေမည်  ဖြစ်သည်။ တန်ဖိုးမှာ ၁၂,၇၅၀ ကျပ်ဖြစ်ပြီး အာမခံအနေဖြင့် တစ်နှစ်ပေးထားသည်။  ဖုန်း – ၀၁- ၂၄၅၉၄၅၊ ၀၉- ၄၀၂၆၀၁၇၁၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။