Leshrac The Tormented Soul

Untitled-1.jpg

V6.84 Patch Update ကြောင့် သိသိသာသာ ပွဲတိုင်းနီးပါး မြင်တွေ့လာရတဲ့ Teamfight, Support, Pusher တစ်ကောင်ဖြစ်တဲ့ Leshrac The Tormented Soul ဟာ အကောင်ပျော့သလောက် တစ်
ဖက်အသင်းကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနိုင်တဲ့ Intelligence Nuker Hero တစ်ကောင် ဖြစ်ပါတယ်။ Push, Disable, Slow, Nuke Ability ၄ မျိုးနဲ့ ဖွဲ့စည်းထားပြီး Update နဲ့ အတူ ပါဝင်လာတဲ့ Octarine Core ဟာ
Leshrac အတွက်တော့ ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခု ဖြစ်ပေါ်လာစေခဲ့ပါတယ်။ Intel Hero တစ်ကောင်ဖြစ်ပေမယ့် Tank သင့်သလောက် Tank မယ့် Item ရပြီးသွားတဲ့အခါမှာ AoE Massive Magical Damage ကို အချိန်တိုအတွင်း တိုက်ခိုက်နိုင်မှာဖြစ်လို့ လက်ရှိ Teamfight Meta မှာ Undying နဲ့ ခေတ်ပြိုင်လူကြိုက်အများဆုံး Hero တစ်ကောင် ဖြစ်နေပါတယ်။ ပါဝင်လာတဲ့ Item အသစ်နဲ့ Meta အသစ်ကြောင့် Leshrac ဟာ အရင်တုန်းက ဆော့ခဲ့ကြတဲ့ Babysitter ပုံစံကနေ Item Farm တဲ့ Semi Carry အဖြစ် ပြောင်းလဲကာ Teamfight ကို အကြီးအကျယ် အကျိုး ပြုတဲ့ Intelligence Hero တစ်ကောင် ဖြစ်နေပါတယ်။

Background Story

Leshrac The Tormented Soul ဆိုတာဟာ ဖြစ်တည်မှုတစ်ဝက်၊ ပျောက်ဆုံးမှု တစ်ဝက်နဲ့ ရပ်တည်နေတဲ့ သဘာဝတရားရဲ့ ကြေကွဲဖွယ် အမှန်တရား အရင်းအမြစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဖြစ်တည်မှု တိုင်းဟာ ရှောင်လွှဲမရသော စက်ဆုပ်ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာတွေနဲ့သာ ပြည့်နှက်နေကြောင်းကိုတော့ သူ့ရဲ့ အရာရာကို ထိုးထွင်းသိမြင်နိုင်တဲ့ အသိညဏ်နဲ့ သိရှိထားသူ ဖြစ်ပါတယ်။ အရာဝတ္ထုတွေအားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သဘောပေါက်ဖို့အတွက် သဘာဝတရားရဲ့ အတွင်းကျကျ အရင်းအမြစ်များအထိရောက်အောင် ကျိန်စာသင့်နေတဲ့ Chronoptic Crystals နဲ့အတူ ရှာဖွေလေ့လာသူ တစ်ယောက် ဖြစ်ခဲ့ဖူးပြီး သူ့ရဲ့ ဖုံးကွယ်ထားတဲ့ အံ့ဖွယ်ရာတွေကို ရှာဖွေတွေ့ရှိမှုကြောင့်ပဲ ထာဝရပြောင်းလဲခြင်းကို ပိုင်ဆိုင်လိုက်ရပါတော့တယ်။ အခုချိန်မှာတော့ သူ့ရဲ့ သိလိုစိတ်ပြင်းပြသော အာရုံစိုက်ကာ ထိုးထွင်းကြည့်ရှုခြင်းကြောင့်သာလျှင် အနက်ရှိုင်းဆုံးမှာရှိတဲ့ အမှန်တရားကို အလင်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အခြားသော ရုပ်ဝတ္ထုများကဲ့သို့ သူဟာလည်း အလုံးစုံသော သဘာဝတရားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ သို့ပေမယ့် ထိတ်လန့်ကြောက်ရွံ့ နှိပ်စက်ညှဉ်းပန်း နာကျင်ဆွေးမြေ့ပူလောင် သောကတို့နဲ့ ပြည့်နှက်နေတဲ့ သဘာဝအမှန်တရားတွေပဲ ဖြစ်ပါတယ်။ စကြဝဠာကြီးရဲ့ ဖွဲ့စည်း ဖြစ်ပေါ်လာတဲ့ အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် သူဟာ အထူးဆုလာဘ်အဖြစ် အရာရာရဲ့ ကောက်ကျစ်ရက်စက်မှုတွေကို သိမြင်နိုင်စွမ်း ရရှိခဲ့ပါတော့တယ်။

ယခင်က Lvl 7 အရောက်မှာ Diabolic Edict ကို ဂိတ်ဆုံးယူပြီး Pusher ပုံစံနဲ့ ကစားခဲ့ကြပေမယ့် လက်ရှိမှာတော့ Split Earth  နဲ့ Lightning Storm ကို ဦးအောင်တင်ပြီး ဆော့တဲ့ပုံစံက ပိုအလုပ်ဖြစ်လျက်
ရှိပါတယ်။

Stun Duration က 2 seconds ကနေ ပိုတိုးမလာနိုင်ပေမယ့် AoE ကတော့ သိသိသာသာ တိုးလာမှာဖြစ်လို့ Split Earth ဟာ ဒုတိယဦးစားပေး Ability ဖြစ်လျက်ရှိပါတယ်။ Lightning Storm ရဲ့ 75% Movement Speed Slow Duration ဟာ ဒီမြေပုံမှာ နောက်ဆုံးအဆင့် 1 second အထိ ကြာမှာဖြစ်တဲ့အတွက် Split Earth ရဲ့ Delay Time 0.37 second ကို ပြန်လည်ချိန်ညှိပေးမှာဖြစ်လို့ လူကြိုက်များတဲ့ Hero တစ်ကောင်ပြန်ဖြစ်လာပါတယ်။ Split Earth ဟာ များများယူလေ Damage တက်လေဖြစ်ပေမယ့် Mana Cost လည်းတက်ပြီး ထိအောင်သုံးဖို့လည်း အသင့်အတင့် ခက်ခဲတဲ့အတွက် Lightning Storm နောက်မှတင်တဲ့ ဒုတိယဦးစားပေးဖြစ်ရခြင်း ဖြစ်ပါတယ်။

v6.82 ကနေ စပြီး  Tower အပေါ်ကို 40% ပိုပြီး Damage သက်ရောက်စေမယ့် Diabolic Edict ကတော့ ယခင် Pusher ပုံစံနဲ့ ဆော့ခဲ့ကြတဲ့ Leshrac Player တွေ အကြိုက်ဆုံး Ability တစ်ခုဖြစ်ပါတယ်။ Leshrac ရဲ့ 500 AoE အတွင်းက Random Unit အပေါ် 0.25 second တိုင်းကို 9/18/27/36 Damage စီ သက်ရောက်စေမှာဖြစ်လို့ Unit နည်းလေ သုံးလို့ကောင်းလေ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် Split Earth, Lightning Storm, Pulse Nova စတဲ့ Nuke Ability တွေ အသုံးပြု Creep ရှင်းပြီး Tower ကို လွတ်လွတ်လပ်လပ် အသုံးပြုခဲ့မယ်ဆိုရင် နောက်ဆုံးအဆင့် စုစုပေါင်း 2016 Damage တောင်
သက်ရောက်စေမှာ ဖြစ်ပါတယ်။

Cooldown 4 Seconds ပုံသေရှိတဲ့အတွက် Mana Pool အလုံအလောက်ရှိသွားတဲ့အခါမှာ ဆက်တိုက် အသုံးပြု ပြီး တိုက်ခိုက်နိုင်မယ့် Nuke တစ်ခုဖြစ်လို့ Item အသစ် Octarine Core သာစပ်ပြီးမယ်ဆိုရင် 3 seconds Cooldown နဲ့ Massive Lifesteal ကို ပြန်လည်ရရှိစေမှာဖြစ်လို့ ခပ်ပျော့ပျော့ Leshrac အတွက် လိုက်ဖက်မှုအရှိဆုံး ပေါင်းစပ်မှု တစ်ခု ဖြစ်လာခဲ့ပါတယ်။

ယခင် Dota 1 တုန်းက Leshrac ရဲ့ Ultimate Pulse Nova ဟာ Invisible ဖြစ်နေတဲ့ အခြေအနေမှာ အသုံးပြုရင် အကျိုးသက်ရောက်မှု မရှိခဲ့ပေမယ့် လက်ရှိ Dota 2 မှာတော့ Glimmer Cape ကဲ့သို့ Invisible
Item တွေနဲ့တောင် တွဲဖက်အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ 450 AoE အတွင်းက Non-Ally  Unit တွေအားလုံးကို 100/130/160 Magical Damage နဲ့ စက္ကန့်တိုင်းမှာ တိုက်ခိုက်နေမှာဖြစ်ပြီး စက္ကန့်တိုင်းမှာလည်း 20/40/60 Mana စီ ကုန်နေမှာဖြစ်ပါတယ်။ ဒါကြောင့် Nuker တစ်ကောင်အနေနဲ့ Mana Cost က အရေးအကြီးဆုံးဖြစ်ပြီး Mana Pool ရော Mana Regen ပါ များအောင် စပ်ထားမှသာ Battle ထဲမှာကြာကြာ အသုံးဝင်နေမှာ ဖြစ်ပါတယ်။

Octarine Core ကိုသာ စပ်ထားခဲ့မယ်ဆိုရင် Split Earth 6.75 Seconds cooldown, Diabolic Edict 16.5 seconds cooldown နဲ့ Lightning Storm 3 seconds cooldown ဖြစ်သွားစေမယ့်အပြင် Nuker တစ်ကောင်ရဲ့ Damage Output တိုင်းကနေ Lifesteal ပြန်ရနေမှာဖြစ်လို့ Leshrac ဟာ ယခင်လို လွယ်လွယ်သေတဲ့ Hero တစ်ကောင် မဟုတ်တော့ပါဘူး။ Pugna  ဟာ Cripple သုတ်ပြီးမှ Nether Blast ရိုက်သလို Leshrac ဟာလည်း Lightning Storm ချ ပြီးမှ Split Earth အသုံးပြုမယ်ဆိုရင် ကျိန်းသေပေါက် အလွယ်တကူ ဖမ်းထားနိုင်တော့မှာဖြစ်လို့ လူကြိုက်များလာရခြင်း ဖြစ်ပါတယ်။ Bloodstone, Eul’s Staff, Glimmer Cape, Boots of Travel, Octarine Core, Aghanim’s Scepter တို့ကတော့ ယေဘုယျအကျဆုံး Item ၆ ခုဖြစ်ပြီး Shiva Guard, Scythe of Vyse, Black King Bar, Veil of Discord, Dagger, Rod of Atos တို့ကိုတော့ ပွဲအခြေအနေပေါ်မူတည်ပြီး ထည့်သွင်း စဉ်းစားသင့်ပါတယ်။ Octarine Core ဟာ Damage သက်ရောက်မယ့် တစ်ယူနစ်တိုင်းကနေ Lifesteal တွက်ချက်မှာဖြစ်လို့ AoE Ability လေးခုနဲ့ ဖွဲ့စည်းထားတဲ့ Leshrac ကတော့ အလိုက်ဖက်ဆုံး Hero တစ်ကောင်ဖြစ်နေပြီး ကစားပွဲအများစုရဲ့ First Ban Hero ဖြစ်နေပါတော့တယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

yahoo yeeha
www.myanmardota2. com