ITU Telecom World 2015 ပြိုင်ပွဲ နောက်ဆုံး ဆန်ခါတင် စာရင်းထဲ မြန်မာသုံးဦးပါဝင်နေ

Update-News_5.jpg

ITU Telecom World 2015 ပြိုင်ပွဲ နောက်ဆုံးဆန်ခါတင်စာရင်းထဲ မြန်မာသုံးဦး ပါဝင်နေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သတင်းရရှိသည်။

အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှ စွန့်ဦး တီထွင်လိုစိတ်ရှိသူ လူငယ်များအကြား ICT နည်းပညာအခြေပြုပြီး မိမိတို့ဒေသ အဖွဲ့အစည်း (Local Communities) အား အကျိုးပြုနိုင်ရန် တီထွင် ကြိုးပမ်းမှုများကို အားပေးသည့် အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲခေါင်းစဉ်မှာ ITU Telecom World Young Innovators Competition Enterpreneurship Challenge ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချူပ်ထံမှ မေးမြန်းသိရှိရသည်။

ယင်းပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းမှ တင်သွင်းသူပေါင်း ၁၆၆ ဦးရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မေလ ၇ ရက်တွင် Shortlist Consideration ၄၁ ဦးကို ရွေးချယ်ခဲ့ကြောင်း၊ ယင်းထဲမှ ၇.၅.၂၀၁၅ ရက်တွင် Final Shortlists ၂၈ ဦးရွေးချယ်ခဲ့ရာ မြန်မာ ၃ ဦး ပါဝင်နေဆဲဖြစ်ကြောင်း သိရသည်။

အိဖြူဇင် (UMS Queen Company) မှ “School Administration Management Solutions (SAMS)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လဲ့ရည်စိုးမှ “Save the Street Children” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ထူးမြတ်အောင် မှ “Road map for enterprenuurs” ခေါင်းစဉ်ဖြင့် လည်းကောင်း ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

ITU Telecom World 2015 ကို ဟန်ဂေရီနိုင်ငံ၊ ဘူတာပတ်စ်မြို့တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ITU Telecom World Young Innovators Competition Enterpreneurship Challenge ကို ထည့်သွင်းကျင်းပမည်ဖြစ်သည်။ အခမ်းအနားနှင့် ပတ်သက်၍ http://ideas.itu.int တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။