Application Delivery Controller

Application delivery controller (ADC) သည် Web နှင့် enterprise application များအတွက် client ချိတ်ဆက်မှုများကို စီမံခန့်ခွဲနိုင်မည့် ကွန်ရက်ထုတ်ကုန်တစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် controller တစ်ခုသည် အရာဝတ္ထုနှစ်ခုအကြားရှိ အချက်အလက် စီးဆင်းမှုကို စီမံခန့်ခွဲသည့် hardware ထုတ်ကုန်တစ်ခု သို့မဟုတ် software program တစ်ခုဖြစ်သည်။

ADC ၏ အခြေခံ လုပ်ဆောင်ချက်များမှာ load balancer တစ်ခုအနေဖြင့် လုပ်ဆောင်ခြင်း၊ end-user စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ ယုံကြည်အားထားရခြင်း၊ data center ရင်းမြစ်အသုံးပြုခြင်းနှင့် enterprise application များအတွက် လုံခြုံမှုရှိခြင်းတို့ ဖြစ်သည်။

ADC တစ်ခုသည် application classification, compression နှင့် reverse caching စသည့် optimization နည်းပညာများကို အပြည့်အဝအသုံးချသည့် wide area network (WAN) မှ ထောက်ပံ့ထားသော application များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည်။ ADC controller များကို application တစ်ခု လိုအပ်သည့် လုံခြုံမှုအတွက် firewall တစ်ခု၏ နောက်ကွယ်တွင် ထားရှိသလို တစ်ခုထက်ပိုသော application server များ အရှေ့တွင်လည်း ထားရှိသည်။ ထို့အပြင် Authentication, Authorization နှင့် Accounting (AAA) ကိုလည်း ထောက်ပံ့ပေးသည်။

Application delivery controller တစ်ခုကို hardware ထုတ်ကုန်တစ်ခု အနေဖြင့်လည်းကောင်း၊ software program တစ်ခုအနေဖြင့် လည်းကောင်း ဝယ်ယူနိုင်သည်။ Virtual application delivery controller များသည် ကြီးမားသည့် enterprise data center များနှင့် cloud computing အသိုက်အဝန်းတွင် အလွန်အသုံးဝင်သည်။