BORDERLANDS : THE PRE-SEQUEL!

game_review_15-44.jpg

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Borderlands 2 ဂိမ်းဟာ Bio Shock နှင့် Serious Sam တို့လို First Person Shooter gameplay ကို Diablo နှင့် The Elder Scrolls ဂိမ်းစီးရီးများကဲ့သို့ Loot system နှင့် Role Playing Game element တို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့တဲ့အတွက် လူကြိုက်အများဆုံးနှင့် အမာခံပရိသတ်အများဆုံး ဂိမ်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သလို နောက်ဆက်တွဲ DLC/Expansion မျိုးစုံနှင့် ဇာတ်ကောင်သစ်၊ လက်နက်သစ်မျိုးစုံအပြင် ရယ်စရာကောင်းပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းတွေကြောင့် Main Game သာမက DLC တွေကပါ ရောင်းကောင်းခဲ့ပါတယ်။ Borderlands ဂိမ်းတွေကို သူတို့ရဲ့ developer Gearbox Software က FPS နှင့် RPG နှစ်မျိုးပေါင်းစပ်ထားတဲ့ Open World ဂိမ်းဖြစ်တာကြောင့် Role playing Shooter ဂိမ်းအမျိုးအစားလို့ ခေါ်ထားပါတယ်။ ၂၀၁၄ မှာထွက်ရှိလာတဲ့ Borderlands: The Pre-Sequel! ဂိမ်းကတော့ Borderlands 2 ဇာတ်လမ်းမတိုင်ခင်မှာ နေရာယူထားပြီး Pandora ဂြိုဟ်ရဲ့လပေါ်မှာ ဇာတ်လမ်းဆင်ထားတဲ့ဂိမ်းသစ် ဖြစ်ပါတယ်။

Expansion တွေ အများကြီးထွက်ထားတဲ့ The Sims 3 ကို ကစားပြီးတော့ The Sims 4 ကစားတဲ့အခါ gameplay features အချို့ လိုနေသေးသလို ခံစားရသလိုပဲ၊ DLC တွေ နှစ်နဲ့ချီ ထွက်ထားတဲ့
Borderlands 2 လောက်တော့ gameplay contents တွေအများကြီး ပါဝင်ဦးမှာ မဟုတ်ပေမယ့် Borderlands: The Pre-Sequel! မှာ အရင်ကမပါဝင်ထားတဲ့ Status Effect သစ်တွေ၊ လပေါ်က Low Gravity နယ်မြေသစ်တွေလိုမျိုး ပုံစံသစ်တွေ ပါဝင်ထားတာတွေ့ရမှာပါ။ Borderlands: The Pre-Sequel! ဂိမ်းမှာ ကစားသူဟာ Borderlands 2 ဂိမ်းရဲ့ main villain ဖြစ်တဲ့ Handsome Jack နှင့်အတူ လကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ရန်သူတွေကို ပြန်လည်တိုက်ထုတ်ရပုံ ကစားရမှာဖြစ်ပြီး စက်ရုပ်စစ်တပ်မျိုးစုံနှင့်ရင်ဆိုင်တိုက်ခိုက်ရဦးမှာပါ။ ဂိမ်းအတွင်းမှာ ကိုင်တွယ်နိုင်မယ့် playable character လေးယောက်ကတော့ တစ်ယောက်ချင်းစီ ပုံစံကွဲပြားတဲ့ special abilites တွေ ပိုင်ဆိုင်ထားပြီး အရင် Borderlands ဂိမ်းတွေမှာတော့ NPC (non-player characters) တွေအဖြစ် မြင်တွေ့ခဲ့ရတဲ့ စွမ်းအားမြင့်ဒိုင်းကို အသုံးပြုနိုင်တဲ့ Athena “the Gladiator”၊ သေနတ်မျိုးစုံကို ကိုင်တွယ်နိုင်သလို damage များတဲ့ ကြာပွတ်ကိုလည်း အသုံးပြုနိုင်တဲ့ Nisha, “the Lawbringer”၊ နည်းပညာအစွမ်းဖြင့် status buff မျိုးစုံတင်နိုင်တဲ့ Wilhelm, “the Enforcer” နှင့်အတူ ရယ်စရာ ဟာသဇာတ်ကောင်အဖြစ် အမြဲပါဝင်ခဲ့တဲ့ Claptrap, “the Fragtrap” တို့ကို ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ ဇာတ်ကောင်လေးယောက်နေရာကနေ OnlineLAN သို့မဟုတ် Split Screen စနစ်တွေနဲ့ ကစားသူလေးယောက်အထိ တပြိုင်တည်း Co-op ကစားနိုင်သလို စိတ်ဝင်စားစရာဇာတ်လမ်းနှင့် တစ်ယောက်တည်း ကစားလျှင်လည်း အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ level design တွေကြောင့် Single player အဖြစ်ပဲ ကစားချင်သူတွေအတွက်လည်း အဆင်ပြေမှာပါ။

Borderlands: The Pre-Sequel!  မှာ မိမိဇာတ်ကောင်တွေကို Damage အသားပေး သို့မဟုတ် Psychic Ability အသားပေးအစရှိသဖြင့် ပုံစံမျိုးစုံ ပြောင်းလဲပေးနိုင်ပေမယ့် အဓိက
စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က ထောင်နှင့်သောင်းနှင့် ချီအောင် စိတ်ကြိုက် ဖန်တီးတီထွင်နိုင်မဲ့ Weapons Customization System ဖြစ်ပါတယ်။ ပိုနေတဲ့ လက်နက်တွေကိုလည်း Grinding စနစ်ဖြင့် ပေါင်းစပ်နိုင်သလိုရေခဲ ခဲနိုင်တဲ့ Freezing Effect သစ်ကလည်း အသုံးပြုလို့ကောင်းသလို ဆွဲငင်အားနည်းတဲ့ နေရာတွေမှာ အမြင့်ကြီးခုန်ပြီး အပေါ်ကနေ ပြန်ဆောင့်ချလို့ရတဲ့ အစွမ်းတွေကလည်း ပျော်စရာကောင်းတဲ့ features သစ်တွေ ဖြစ်ပါတယ်။ လမျက်နှာပြင်ပေါ်ရောက်ရင် Claptrap က လွဲလို့ ကျန်တဲ့ ဇာတ်ကောင်တွေအတွက် အသက်ရှုဖို့ Oxygen Mask တွေ လိုအပ်မှာဖြစ်သလို ရန်သူတွေရဲ့မျက်နှာဖုံးတွေကို ဖျက်စီးပြီး အသက် ရှုကြပ်အောင် လုပ်နိုင်ပါသေးတယ်။

Campaign နဲ့တင် နာရီ ၂၀ ကျော်ကစားရမှာဖြစ်သလို Side Missions/Mini Games ပေါင်းများစွာ ပါဝင်ပြီး မိမိရရှိပြီး စွမ်းအင်များကို ပြန်လည်သယ်ဆောင်သွားနိုင်တဲ့ New Game Plus Mode လည်း ပါဝင် ပါသေးတယ်။ Borderlands: The Pre-Sequel! ဟာ Borderlands 2 ရဲ့ game engine ကိုပဲ အသုံးပြုထားပြီး နောက်ကြောင်းပြန်ဇာတ်လမ်းတစ်ခုဖြစ်လို့ စကစားကာစမှာ expansion အကြီးစား တစ်ခုလို ခံစားရပေမယ့် နောက်ပိုင်း ကစားရင်း ရယ်စရာဇာတ်ဝင်ခန်းတွေ၊ gameplay ပုံစံသစ်တွေကို မြင်တွေ့လာရလို့ ပိုပြီးကစားလို့ ကောင်းလာတာတွေ့ရသလို နောက်ပိုင်းမှာလည်း DLC သစ်တွေ ထွက်လာဦးမှာမို့ Open World ဂိမ်းပရိသတ်တွေ နှစ်သက်မယ့် ဂိမ်းတစ်ခုဖြစ်တာကို မြင်တွေ့ရပါတယ်။
-နေအောင်လတ် (mmgamers.com)