အမေရိကန်နိုင်ငံ Worcester Polytechnic Institute မှ ပေးအပ်သည့် ပညာသင်ဆုကို မြန်မာကျောင်းသား တစ်ဦး ရရှိ

Khant-Win-Htet-(2).jpg

အမေရိကန်နိုင်ငံ မက်စာချူဆက်ပြည်နယ်ရှိ Worcester Polytechnic Institute မှ ပေးအပ်သည့် Merit Scholarship ကို မြန်မာကျောင်းသား တစ်ဦးဖြစ် သည့် မောင်ခန့်ဝင်းထက်မှ ရရှိခဲ့ကြောင်း သိရသည်။

“၁၀ တန်းကို ၂၀၁၂-၂၀၁၃ ခုနှစ်က ၅ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ CROWN Education က ဖွင့်တဲ့ GAC ကို ဖေဖောဝါရီကနေပြီး ၂၀၁၄ ဒီဇင်ဘာလအထိ တက်ပြီး SAT နှင့် TOEFL ကို ၂၀၁၄ မှာ ဖြေတယ်။ ၂၀၁၅ ဇန်နဝါရီလမှာ အွန်လိုင်းကနေပဲ US ကျောင်းလျှောက်လိုက်တာ ဧပြီလ ၁ ရက်က ဒီပညာသင်ဆု ရတယ်လို့ အကြောင်းပြန် သိရပါတယ်” ဟု မောင်ခန့်ဝင်းထက်က ပြောသည်။ အဆိုပါ အမေရိကန်နိုင်ငံ မက်စာချူဆက်ပြည်နယ်ရှိ Worcester Polytechnic Institute မှ ပေးအပ်သည့် Merit Scholarship ကို တစ်နှစ်စာ မူလ ကျောင်းလခ အမေရိကန်ဒေါ်လာ ၆၃,၀၀၀ ၏ ကျောင်းလခ ၆၀ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ပညာသင်ဆုကိုက Merit  ဖြစ်နေတဲ့အတွက်ကြောင့် သူတို့က ကျွန်တော့် ပညာအရည်အချင်း စာရွက်တွေ တောင်းတယ်။ ကျွန်တော်က ဒီ GAC မှာလည်း GPA က 3.3 ရထားတယ်။ တစ်ဘာသာချင်းစီ အမှတ်တွေမှာလည်း များတဲ့ အတွက်ကြောင့် အခုလို ၆၀ ရာခိုင်နှုန်း ပညာသင်ဆုကိုရတာပါ။ ကျွန်တော်က အစိုးရကျောင်းတက် လာတဲ့ ကျောင်းသားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အမေရိကန်ကို တိုက်ရိုက်ပညာ သင်သွားရင် ကျွန်တော့အတွက် အခက်အခဲတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ ဒီ CROWN Education ကဖွင့်တဲ့ GAC သင်တန်းကို ၁၀ လကြာတက်ပြီးတဲ့ အချိန်မှာတော့ လိုအပ်တဲ့ အခြေခံ ပညာရပ်တွေအားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်သွားတဲ့အတွက် ဟိုဘက်မှာလည်း အရမ်း အခက်အခဲ မရှိလောက်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ ကျောင်းသားအနေဖြင့် စာသင်နှစ်လေးနှစ် တက်ရောက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ကျောင်းဖွင့်ချိန်တွင် သွားရောက်ပညာသင်ကြားရမည် ဖြစ်သည်။ 

ပညာသင်ဆုမှာ ပထမတစ်နှစ်အတွက်ပေးအပ်ခြင်းဖြစ် ပြီး ပထမတစ်နှစ်တွင် ရသင့်သည့် Grade များရရှိပါက နောက်နှစ်များတွင် ပညာသင်ဆုအား အသစ်အသစ် ထပ်မံ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။