MCC Kids 2015 သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးအပ်ခြင်း အခမ်းအနားကျင်းပ

MCC.jpg

MCC ရုံးချုပ်မှ ကြီးမှူးပြီး ရန်ကုန်မြို့အတွင်းရှိ MCC စင်တာ များနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ MCC စင်တာများအတွက် ၂၀၁၅ ခုနှစ် နွေရာသီအတွင်း ဖွင့်လှစ်ခဲ့သော Computer For Kids သင်တန်းများ အတွက် စုပေါင်းသင်တန်းဆင်းပွဲနှင့် ထူးချွန်ဆု ပေးအပ်ခြင်းအခမ်းအနားကို  မေလ ၁၅ ရက်က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုပေးအပ်ခြင်း အခမ်းအနား တွင် MCC Education  CEO ဦးငြိမ်းဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ MCC Education Services, Director ဒေါ်နွယ်နွယ်ဦးမှ MCC Kids 2015 Programme နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ MCC Education Services, School of Computing မှ Dean Professor ဒေါက်တာ ဒေါ်နွဲ့နွဲ့ဝင်းနှင့် MCC Education Services, Director ဒေါ်နွယ်နွယ်ဦးတို့မှ သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ် ချီးမြှင်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ MCC စင်တာ ၂၀ ခုမှ သင်တန်းဆင်း ရင်သွေးငယ် ၁,၃၈၉ ဦး တက်ရောက်ခဲ့ပြီး ထူးချွန်ဆု ၂၈၁ ဆုနှင့်အတူ MCC ရုံးချုပ်၏ အထူးဆု ၅ ဆု၊ ၂၀၁၅ ခုနှစ် နွေရာသီကာလအတွင်း သင်တန်းသားအများဆုံး လက်ခံနိုင်သော ပထမဆု ရရှိသည့် MCC – ရွှေပြည်သာ၊ ဒုတိယဆုရရှိသည့် MCC – လှိုင်သာယာ (၂) နှင့် တတိယဆုရရှိသည့် MCC – သန်လျင်မြို့တို့အား ရွှေတံဆိပ်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၁၅ ခုနှစ် အစီအစဉ်နေဖြင့် MCC စင်တာများတွင် ရင်သွေးငယ်များ အတွက် Junior Kids, Senior Kids, Project Pro, Multimedia Pro နှင့် English for Kids  သင်တန်းများအား  မတ်လမှ မေလအတွင်း သင်ကြားပို့ချခဲ့ပြီး စုစုပေါင်း ရင်သွေးငယ် ၁,၉၃၅ ဦးကျော်ကို သင်ကြားပေးခဲ့ကြောင်း သိရသည်။