UTS: INSEARCH ၏ UTS Foundation Studies မှ ပေးအပ်သည့် ထူးချွန် ကျောင်းသားဆုကို မြန်မာ ကျောင်းသား ရရှိ

UTS_INSEARCH-Managing-Director,-Alex-Murphy-with-Prize-Winner,-Theingar-Aung-Than.jpg

UTS: INSEARCH ၏ UTS Foundation Studies မှ ပေးအပ်သည့် Semester 3 ၏ အထူးချွန်ဆုံး ကျောင်းသားဆု Outstanding Grdaudate Prize ကို မြန်မာ အင်ဂျင်နီယာ ကျောင်း သား မောင်သိင်္ဂါအောင်သန်း မှ ရရှိခဲ့ကြောင်း သိရသည်။

၎င်းသည် UTS Foundation Studies အစီအစဉ်၌ အမှတ်ပြည့်နီးပါးဖြစ်သည့် ဆယ်မှတ်ပေးရာတွင် ၉.၇ မှတ်အထိ ရရှိကာ အဆိုပါဆုအား ဧပြီလတွင် ရရှိခဲ့ခြင်း ဖြစ်သည်။ ဆစ်ဒနီ နည်းပညာ တက္ကသိုလ် University of Technology, Sydney (UTS) ကို တက်ရောက်ရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် UTS: INSEARCH ၏ UTS Foundation Studies အစီအစဉ်ကို ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ငယ်ငယ်လေးကတည်းက သိပ္ပံနဲ့ တီထွင်မှုတွေကို စိတ်ဝင်စားတယ်။ တခြားကုမ္ပဏီတွေကို ပြန်ရောင်းနိုင်မယ့် နည်းပညာအသစ်တွေကို တီထွင်ပြီး စီးပွားရေးလုပ်ချင်တယ်။ နည်းပညာ ကုမ္ပဏီ အသစ် တစ်ခုကို ကျွန်တော်တို့ အားလုံးလက်တွေ့ ဘဝမှာ အသုံးပြုနိုင်တဲ့အရာ ဖြစ်လာအောင် ကြိုးစားချင်တယ်။ တက္ကသိုလ်ရွေးချယ်မှုနှင့် ဘာသာရပ်ရွေးချယ်မှုတွေကို AVSS ကနေ တစ်ဆင့် ပြုလုပ်ခဲ့ပါတယ်။ AVSS Myanmar က သင်တန်းစရိတ်လျှောက်ဖို့ ဒါမှမဟုတ် ပေးဖို့ အတွက် အပိုကြေးကောက်ခံမှု မရှိပါဘူး။ သူတို့ရဲ့ ဆစ်ဒနီ ဒါမှမဟုတ် မြန်မာပြည်ကရုံးကို ကျွန်တော် အချိန်မရွေးသွားပြီး အကြံဉာဏ် ရယူနိုင်တယ် ဆိုတာက ကျွန်တော့်ကို စိတ်သက်သာမှု ရစေပါတယ်” ဟု​ မောင်သိင်္ဂါအောင်သန်းက သူ၏ အတွေ့အကြုံကို ရှင်းပြခဲ့သည်။ ယခုလက်ရှိတွင် ၎င်းမှာ အင်ဂျင်နီယာဘွဲ့ အတွက် mechanical နဲ့ mechatronic မေဂျာတွေကို အထူးပြု တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။