YouTube ဂိမ်းဗီဒီယို ၁၀ ခုတွင် Minecraft ထိပ်ဆုံး၌ ရပ်တည်

minecraft__140227211000.jpg

အွန်လိုင်းဗွီဒီယို ဝက်ဘ်ဆိုက် YouTube သည် သက်တမ်း ၁၀ နှစ်ပြည့်အဖြစ် လူများစွာ ကြည့်ရှုခဲ့သည့် အရေအတွက်ပေါ် အခြေခံတွက်ချက်ပြီး အကောင်းဆုံးဂိမ်း ၁၀ ခုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သွားခဲ့သည်။

အဆိုပါ စာရင်းတွင် Minecraft ဂိမ်းသည် Grand Theft Auto, Call of Duty, FIFA နှင့် The Sims ကဲ့သို့ နာမည်ကျော် ဂိမ်းများကို ကျော်ဖြတ်၍ ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Sandbox ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ချိခဲ့သည့် Minecraft ဂိမ်းသည် ယခင်ကလည်း YouTube ၏ နာမည်ကျော်ကြားမှု အရှိဆုံး စာရင်းတွင် မကြာခဏ ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ်ကလည်း Minecraft ဂိမ်းသည် ဘီယွန်စေးနှင့် တေလာဆွစ်ဖ်တို့ထက် ရှာဖွေမှုအများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

Ref: GameSpot