Myanmar Lego League 2015 ပြိုင်ပွဲတွင် ချန်ပီယံအဖွဲ့အား ငွေကျပ် ငါးသိန်းနှင့်အထက် ချီးမြှင့်မည်

MLL.jpg

Myanmar Lego League 2015 ပြိုင်ပွဲတွင် ဆုရရှိသည့် ချန်ပီယံအဖွဲ့အား ငွေကျပ် ငါးသိန်းနှင့် အထက် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်များအနေ ဖြင့် LEGO ပစ္စည်းအခက်အခဲရှိပါက လည်း Fun & Learn Centre မှ ကူညီစီစဉ် ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ကြိုတင် စာရင်း ပေးသွင်းနိုင်မည်ဖြစ်သည်။ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အဖွဲ့တစ်ဖွဲ့လျှင် မှတ်ပုံတင်ကြေး အနေဖြင့် ငွေကျပ်တစ်သောင်းကို မေလ ၁ ရက်မှ ၃၀ ရက်အထိ လူကိုယ်တိုင် သွားရောက် စာရင်းပေးသွင်းကာ ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

MLL- 2015 ပြိုင်ပွဲ စည်းကမ်းချက်များ အနေဖြင့် ပြိုင်ပွဲဝင် အဖွဲ့များကို အသက် ၉ နှစ်မှ ၁၄ နှစ်အထိ (ဂျူနီယာ အဖွဲ့များ)၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ  (စီနီယာ အဖွဲ့များ ) ဟု ဖွဲ့စည်းနိုင်ပြီး အဖွဲ့တစ်ဖွဲ့လျှင် အဖွဲ့ဝင် ၂ ယောက်မှ ၁၀ ယောက်အထိ ပါဝင်နိုင်မည်ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့စီတွင် ဆရာ/ သင်ကြား လေ့ကျင့်ပေးသူ (Coach ) အဖြစ် လူကြီး တစ်ယောက်စီ ပါဝင်ရမည်ဖြစ်ပြီး မည်သူမဆိုပါ ဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

စာရင်းပေးသွင်းမှုကို မေလ ၃၁ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇွန်လသည် ပြိုင်ပွဲဝင်အဖွဲ့များ၏ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်ဖြစ်ကာ  ထိုအချိန် အတွင်း ပြိုင်ပွဲဆိုင်ရာ ခေါင်းစဉ်နှင့် အကြောင်းအရာဆိုင်ရာ ကိစ္စများအား စူးစမ်း လေ့လာသုတေသနပြုခြင်း၊ မိမိတို့ပြိုင်ပွဲဝင်မည့် ပုံစံတို့ကို တည်ဆောက်ခြင်းတို့ ဆောင်ရွက်ရန် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအတွက် ခေါင်းစဉ်မှာ အစားအစာနှင့်ပတ်သက်သော အကြောင်းအရာ (Food Factor) ဖြစ်ပြီး  ပြိုင်ပွဲတွင် မိမိတို့ တည်ဆောက်ထားသမျှကို ရှင်းလင်း ပြသ ရမည် ဖြစ်သည်။ မိမိတို့ အဖွဲ့ မည်ကဲ့သို့ တွေးခေါ်စဉ်းစားပြီး မည်ကဲ့သို့ တည်ဆောက်ခဲ့ပုံကိုလည်း ရှင်းပြရမည်ဖြစ်သည်။

အသေးစိတ် အချက်အလက်များကို http://www.funandlearncenter.com/mll သို့လည်းကောင်း၊ Fun and Learn Centre ဖုန်း- ၀၉-၄၅၀၀၄၁၁၅၄၊ ၀၉-၃၁၁၂၃၄၀၇ သို့ လည်းကောင်း ဆက်သွယ် မေးမြန်း စုံစမ်းနိုင်သည်။