Messenger

unnamed.png

Google က ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ Messenger App ဟာ SMS, MMS အစရှိသည်တို့ကို App တစ်ခုထဲ အသုံးပြု၍ သုံးစွဲနိုင်မည့် App တစ်ခုဖြစ်သည်။ ဒါ့အပြင် Video Message, Audio Message တို့ကိုလည်း Group Chat တွင် ပေးပို့နိုင်မည်ဖြစ်သည်။ Sharing ပြုလုပ်တဲ့အခါမှာလည်း မြန်ဆန်ပြီး၊ Chat ပြုလုပ်ထားသည်များကို အလွယ်တကူနှင့် ပြန်လည်ရှာဖွေနိုင်ရန်အတွက် စီစဉ်ပေးထားသည်။

အဆိုပါ App ကို Play Store တွင် အခမဲ့ ရယူသုံးစွဲနိုင်မည်ဖြစ်ပြီး၊ အခမဲ့ အသုံးပြုခွင့်ရှိသည့် App တစ်ခုဖြစ်သည်။ Messenger App ကို အသုံးပြုလိုသူများအနေဖြင့် Android Version အနိမ့်ဆုံး 4.1 ရှိရန် လိုအပ်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။