Microsoft Font များကို Linux Office Suite တွင် ထည့်သွင်းခြင်း

ubuntu-corner.jpg

Ubuntu အသုံးပြု သူတွေအနေနဲ့ Linux Platform ပေါ်မှာ အသုံးပြုတဲ့ Office Suite ထဲမှာ Microsoft က Font တွေကို ထည့်သွင်း အသုံးပြု ချင်တယ်ဆိုရင် အလွယ်တကူနဲ့ ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Times New Roman , Calibri အစရှိတဲ့ ဖောင့်တွေအပြင် အချို့သော ဖောင့်များကို Linux Office Suite တွေထဲမှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Microsoft Font တွေကို Office Suite များတွင် ထည့်သွင်း အသုံးပြုချင် သူတွေအနေနဲ့ MS Core Fonts ဆိုတဲ့ Installer ကိုထည့်သွင်းရမှာ ဖြစ်ပါတယ်။ MS Core Font ကို  Ubuntu  Version 14.04 သုံးစွဲသူတွေ အနေနဲ့ Ubuntu Software Centre ကနေ တိုက်ရိုက်သွင်းနိုင်မှာ ဖြစ်ပါ တယ်။ အကယ်၍ အခြား Version ကို သုံးစွဲသူတွေအနေနဲ့ Terminal ကနေ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

MS Core Font Installer ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို  Update တွေ  Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

နောက်တစ်ဆင့်ကတော့ MS Core Font Installer ကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Command ကို ရိုက်ထည့်ပေး ရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install ttf-mscorefonts-installer

ဆိုတဲ့ Command ပဲဖြစ်ပါတယ်။ အဆိုပါ Command ကိုထည့်သွင်း ပြီးပြီဆိုရင် သက်ဆိုင်ရာ Package တွေကို Download ပြုလုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် သင်အသုံးပြုနေတဲ့ Office Suite တစ်ခုခုကို ဖွင့်လိုက်ပါ။ Font ထဲမှာ  Microsoft Font များကို ထည့်သွင်း ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။