CCNP (Route, Switch, T-Shoot) ဘာသာရပ်များကို ထူးချွန်စွာ ဖြေဆို အောင်မြင်ပြီးသူ မောင်ကျော်ထင်၏ Student Life

KyawHtin.jpg

ဒီအပတ်မှာတော့ ProGate Networking Academy မှ CCNP (Route, Switch, T-Shoot)  ဘာသာရပ်များကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ပြီးသူ မောင်ကျော်ထင်ရဲ့ Student Life ကို ဖော်ပြပေး လိုက်ပါတယ်။

CCNP ကို ( Route,Switch,T-Shoot) ဘာသာရပ်များကို ဖြေဆိုအောင်မြင်ထားပြီးပြီလို့ သိရပါတယ်။ CCNP Exam တွေ အတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှုမျိုး၊ ဘယ်လို သင်ယူမှု မျိုးတွေ ပြုလုပ်ခဲ့ပါသလဲ။

တကယ် လေ့လာရတဲ့အခါမှာ အပိုင်း၂ ပိုင်း ရှိပါတယ်။  Theory, Lab နဲ့ Exam အတွက် ပြင်ဆင်မှု အပိုင်းတို့ ဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ တစ်မျိုးစီ အရေး ပါပါတယ်။ ခုကျွန်တော် တက်ရောက်နေတဲ့ ProGate သင်တန်းကျောင်းမှာတော့ အပိုင်းနှစ်ပိုင်းစလုံး အတွက် ပြည့်ပြည့်စုံစုံ သင်ကြားပေးပါတယ်။ ပြင်ဆင်မှု Steps တွေကတော့ ဘာသာ တစ်ခုချင်းစီ အတွက် Theory နဲ့ Lab ကို အရင် သင်ကြားပြသပေးပါတယ်။ ပြီးသွားရင် Exam အတွက် ပြင်ဆင်မှုအပိုင်းကို ရိုးရှင်းထိရောက်တဲ့ ပုံစံမျိုးနဲ့ သင်ကြားပါတယ်။

CCNA ,CCNP (Route,Switch,T-Shoot) ဘာသာရပ်တွေကို ဖြေဆိုနိုင်ဖို့ ပံ့ပိုးပေးခဲ့တဲ့ Pro-Gate သင်တန်းကျောင်းအပေါ် အမြင်လေးသိပါရစေ။

ကျွန်တော့်အတွက်တော့ Cisco လေ့လာမှု စတင်ကတည်းက ပတ်သက်မှု ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သင်တန်းနဲ့ကျောင်းသားထက် ပိုမိုတဲ့ဆက်ဆံရေးမျိုး ရှိနေပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ProGate ရဲ့ သင်ကြားပြသပေးမှုတွေက ပြည့်စုံပါတယ်။ ဘာသာရပ်တွေဟာ ဖြည်းဖြည်းနဲ့ မှန်မှန် လေ့လာရတဲ့ အကြောင်း အရာတွေ ဖြစ်တဲ့ အတွက် ProGate ရဲ့ အတွေ့အကြုံ၊ လမ်းပြမှုတွေနဲ့အညီ ပုံမှန်လေ့လာရင်းနဲ့ ရည်ရွယ်ရာကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ProGate အပေါ် ကိုယ်ပိုင်အမြင် ပြောရမယ်ဆိုရင်တော့ ProGate က ကျွန်တော်တို့လို ပညာတစ်ခု ကို လေ့လာ နေတဲ့သူတွေ အတွက် ပြည့်စုံကောင်းမွန်တဲ့ နေရာ တစ်ခုပါလို့ ပြောချင်ပါတယ်။ ပြည့်စုံကောင်းမွန်ပြီး အဆင့်အတန်းမီတဲ့ Hardware တွေ၊ Device တွေနဲ့ လေ့လာခွင့် ရရှိ တာကြောင့် ကျောင်းသား၊ ကျောင်းသူတိုင်း အတွက် အကျိုးရှိစေပါတယ်။ အနီးကပ်ပြင်ဆင် လမ်းပြပေးတာကတော့ ProGate ရဲ့အဓိက အားသာချက်လို့ ထင်ပါတယ်။

ဆက်လက် လေ့လာသင်ကြားချင်တဲ့ ဘာသာရပ်တွေရှိရင်လည်း သိချင်ပါတယ်။

ကျွန်တော်ဆက်လက် လေ့လာချင်တာကတော့ Next Stage ဖြစ်တဲ့ CCIE ပါပဲ။

Cisco ဘာသာရပ်တွေကို လေ့လာ သင်ယူဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။

ကျွန်တော်က Computer Science နဲ့ကျောင်းပြီးထားသူ တစ်ယောက်ပါ။ ကျောင်းမှာကတည်းက Networking ကို ပိုပြီးစိတ်ဝင်စားခဲ့ပြီး အဲဒီအချိန်ကတည်းကပဲ စတင် လေ့လာဖြစ်တာပါ။ Cisco ကို ရွေးချယ် လေ့လာဖြစ်တဲ့ အကြောင်းကတော့ network ပိုင်းကို စိတ်ဝင်စားသူ တစ်ယောက်အနေနဲ့ သိရှိချင်တာတွေကို Cisco ဘာသာရပ်တွေကနေ ပိုမို သိခွင့် ရှိလာတာကြောင့်ရယ်၊ သင်ယူရ လွယ်ကူမှုတွေနဲ့ သူ့ရဲ့ Popularity နဲ့ပျံ့နှံမှုကြောင့်လို့ ပြောချင်ပါတယ်။

နည်းပညာပိုင်းတွေကို ဘယ်အတိုင်းအတာထိ လေ့လာသင်ယူသွားမလဲ။

ကျွန်တော့်အနေနဲ့ကတော့  ဉာဏ်စွမ်းရှိသလောက် ဆက်လက်လေ့လာ သင်ယူသွားမှာပါ။ လုပ်ငန်းခွင်မှာရတဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံတွေကလည်း အလွန် တန်ဖိုး ရှိပါတယ်။ လေ့လာ သင်ယူမှုဟာ   စာသင်ခန်းထဲက ထွက်လိုက်တာနဲ့ ပြီးဆုံးသွားတာမျိုး မဟုတ်ဘဲ ကိုယ်နဲ့သင့်တော် တိုက်ဆိုင်တဲ့  အသိပညာ၊ ဗဟုသုတတွေကို အချိန် တိုင်း လေ့လာနေရတဲ့ သဘောပါ။

Cisco ဘာသာရပ်တွေကို လေ့လာနေတဲ့ ညီငယ်၊ ညီမငယ်တွေအတွက် ပြောပြချင်တာများရှိမလား။

ဟုတ်ကဲ့၊ ပြောချင်တာကတော့ တကယ်စိတ်ပါလက်ပါလုပ်ဖို့ပဲ အကြံပေးချင်ပါတယ်။ အကျိုးကျေးဇူးကတော့ အခက်အခဲတွေကို ရှောင်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်း ကို ရွေးချယ်ပြီး ထိုက်သင့်ကောင်းမွန်တဲ့ အားထုတ်မှုမျိုးနဲ့ ဆက်လက်လျှောက်လှမ်းဖို့ကိုပဲ ဆန္ဒပြုချင်ပါတယ်။