SONY PS2 Ra-One (The Game) ဂိမ်းခွေ ဝင်ရောက်လာ

RA-One-The-Game-2015.jpg

ပြည်တွင်းဂိမ်းဈေးကွက်အတွင်းသို့ ယခင်ကတည်းက ဝင်ရောက်ခဲ့ခြင်း မရှိသေးသည့် ဂိမ်းခွေများထဲမှ အန္ဒိယနာမည်ကျော်မင်းသား ရှာရွတ်ခန်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား RA ONE ကို PS2 ဂိမ်းခွေအဖြစ် ထုတ်လုပ်ထားသည့် Ra One (The Game) ဂိမ်းခွေ ထွက်ရှိလာကြောင်း သိရသည်။

RA ONE ဂိမ်းခွေတွင် ဂိမ်းကစားသူအနေဖြင့် Super Hero တစ်ယောက်အနေဖြင့် အဓိက ကစားရမှာဖြစ်ပြီး Power များကိုရ ယူစုဆောင်းကာ မိမိကဲ့သို့စွမ်းအားရှိသည့် တစ်ဖက်ရန်သူများအား အဆင့်ဆင့် ယှဉ်ပြိုင် တိုက်ခိုက်ကစားရမည်ဖြစ်သည်။ ကစားသူ အရေအတွက်အနေဖြင့် 2 Players အထိ ကစားနိုင်ပြီး Story Mode, Challenge Mode စသည်ဖြင့် ကစားသည့် ပုံစံသုံးမျိုးရွေးချယ်ကစားနိုင်မည်ဖြစ်သည်။

အဆိုပါ RA ONE (The Game) ဂိမ်းခွေအား SONY GAME NETWORK SERVICE ဖုန်း ၀၉ -၄၃၀၇၅၁၅၄ ၊ ၀၉-၇၉၉၃၉၃၈၃၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။