FPS ဂိမ်းသစ် Call of Duty – Advanced Warfare ဝင်ရောက်

Call-of-Duty---Advanced-Warfare.jpg

CoD ဂိမ်းစီးရီး၏ နောက်ဆုံးထွက်ဂိမ်းသစ်ဖြစ်သလို IW engine version အသစ်ကို အသုံးပြုထားပြီး graphics ပိုင်း ထူးခြားကောင်းမွန်သည့် Call of Duty – Advanced Warfare ကို PC, PS3, PS4, Xbox360 နှင့် Xbox One ဂိမ်းစက်များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကစားသူအနေဖြင့် Atlas အမည်ရ Privitae Military Corporation ၏ တပ်သားတစ်ယောက်နေရာမှ ကစားရမည်ဖြစ်သည်။ Oscar ဆုရမင်းသားကြီး Kevin Spacey က CEO Jonathan Irons အဖြစ် ပါဝင်သရုပ်ပေးထားပြီး အနာဂတ် ၂၀၅၄  ခုနှစ်တွင် လက်နက်ဆန်းမျိုးစုံ၊ ခွန်အားသန်စွမ်းစေသော Exoskeleton armor များနှင့် စက်ရုပ်များ ပါဝင်သော တိုက်ပွဲများတွင် ဝင်ရောက်ကစားရမည်ဖြစ်သည်။

CoD – Advanced Warfare နှင့်အတူ ဂိမ်းသစ်များကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။