WWE2K15 Complete Edition

wwe-2k15-how-to-get-hulk-hogan-.jpg

Football, Basketball နှင့် Baseball လိုအားကစားတွေရဲ့ ပရိသတ်တွေအနေနဲ့ မိမိတို့ အားပေးတဲ့ professional ကစားသမားတွေလောက် မတော်ရင်တောင် အပြင်မှာ  လိုက်လံကစားနိုင်ပေမယ့် Boxing တို့ Wrestling တို့ အားကစားတွေကတော့ အပြင်မှာ လိုက်ကစားဖို့ ခက်ခဲသလို၊ အန္တရာယ်များတဲ့ ကစားနည်းတွေလည်းဖြစ်လို့ ကိုယ်တိုင် ပါဝင်သူထက် ပရိသတ်ပိုများသလို ဖျော်ဖြေရေး ပိုဆန်တဲ့ အားကစားတွေ ထဲမှာ လူစိတ်ဝင်စားမှုရ အများဆုံး အားကစားပွဲကတော့ World Wrestling Entertainment (WWE) ရဲ့ နပန်းပွဲတွေပဲ ဖြစ်ပါတယ်။ အပြင်မှာ ကိုယ်တိုင်လိုက်လုပ်ဖို့ မဖြစ်နိုင်လို့လည်း Boxing, UFC နှင့် Wrestling လို ဂိမ်းတွေက အားကစား ပရိသတ်တွေကြား ရောင်းကောင်းတဲ့ ဂိမ်းတွေဖြစ်နေတာ တွေ့ရမှာပါ။ တစ်ယောက်ချင်းဆီရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်တိုက်ကွက်တွေ၊ ဇာတ်လမ်းဆင်ထားတာတွေလည်း ပါသလို မထင်မှတ်ထားပဲ ဖြစ်ပျက်သွားတဲ့ ပြကွက်တွေကြောင့် ကလေးကနေ လူကြီးအထိ အရွယ်စုံ ပရိသတ်မျိုးစုံရှိတဲ့ WWE (ယခင် WWF – World Wrestling Federation) ဟာ TV Show နှင့် အားကစားပွဲအဆင့်ကနေ အရုပ်နှင့် အမှတ်တရ ပစ္စည်းများ၊ Video Game လိုအခြား media များအထိပါ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး ဖြစ်ပါတယ်။ World Wrestling Entertainment (WWE)/ Smack Down VS RAW စီးရီးဟာ မူလ publisher THQ ဖျက်သိမ်းပြီးခဲ့တဲ့နောက်မှာ NBA2K Series  နှင့် MLB2K Series ကဲ့သို့ အားကစားဂိမ်းတွေ ဖြန့်ချိနေကြဖြစ်တဲ့ publisher 2K Sports ရဲ့ ဝယ်ယူခြင်းခံခဲ့ရပြီးနောက် ထွက်ရှိလာတဲ့ ဒုတိယမြောက်ဂိမ်းဖြစ်တဲ့ WWE2K15 ဂိမ်းသစ်ဖြစ်ပြီး အရင်နှစ်ကတော့ PS3 နှင့် Xbox360 တို့မှာပဲ ထွက်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ PS4 နှင့် Xbox One တို့လို 8th Generation Console ဂိမ်းစက်တွေအတွက်ပါ ထွက်ရှိခဲ့သလို Complete Edition အနေနဲ့လည်း PC မှာ Chracters & Move Packs DLC တွေ အားလုံးပါဝင်ပြီး ဆက်လက်ထွက်ရှိလာပါတယ်။

နှစ်စဉ်ထွက်တဲ့ ဂိမ်းစီးရီး တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် အဓိကတိုးတက်ပြောင်းလဲမှု အများဆုံးကတော့ Graphics ပိုင်းဆိုရင် PC, PS4 နှင့် Xbox One versions မှာ ကစားသမားတွေ ချွေးထွက်တာတွေ၊ ဒဏ်ရာရတာတွေကို လုံးဝအသေးစိတ် ပြသနိုင်ပြီဖြစ်သလို အဆင့်မြင့် motion capture နည်းပညာကြောင့် character animation ပိုင်းနှင့် ပိုမိုသွက်လက်ပြီး ကြည့်ကောင်းလာမယ့် တိုက်ခိုက်မှုပိုင်းတွေ ပါဝင်လာပါတယ်။ Gameplay ပုံစံကိုလည်း fighting ဂိမ်းထက် sports ဂိမ်းပိုဆန်အောင် ပြောင်းလဲထားသလို ရန်သူလက်သီးနဲ့ထိုးရင် Reverse တိုက်ကွက်ပြန်အသုံးချနိုင်ရင် အရင်လို ပြန်ဖမ်းရုံမဟုတ်တော့ဘဲ counter attack အနေနဲ့ မိမိပြိုင်ဘက်ကို ချက်ချင်းပြန်လည် တိုက်ခိုက်နိုင်ပါပြီ။ ထုံးစံအတိုင်း ကစားသမားတစ်ယောက်ချင်းဆီရဲ့ signature move နှင့် finisher တွေကို ပုံစံအသစ်တွေ မြင်တွေ့ရမှာ ဖြစ်သလို ရန်သူကို လေထဲပစ်မြောက်ပြီး ပြန်ဖမ်းကာ အသုံးပြုလို့ရတဲ့ Catapult finisherနဲ့ ပြိုင်ဘက်နှစ်ယောက်ကို တစ်ပြိုင်တည်း finisher အသုံးပြုလို့ရမယ့် ကစားကွက်တွေလည်း ပါဝင်ထားပါတယ်။ Move pack DLC လည်း complete edition မှာ အခမဲ့ ပါဝင်ထားလို့ အရင် ကိုင်နေကြ ကစားသမားတွေနဲ့ ဆော့မယ်ဆိုရင်တောင် အကွက်ဆန်းတွေ အသုံးပြုနိုင်တော့မှာပါ။

WWE2K15 ဂိမ်းသစ်မှာ လက်ရှိကစားနေဆဲဖြစ်တဲ့ Big Show, CM Punk, Chris Jericho, John Cena, The Rock, Triple H စသော လူကြိုက်အများဆုံး  Wrestlers တွေနဲ့အတူ အမျိုးသမီး
wrestlers (DIVA) များ၊ Ultimate Warrior, Bret Hart, Hulk Hogan, Razor Ramon, Sting အစရှိတဲ့ Classic WWF ခေတ်ကစားသမားဟောင်းများ ပါဝင်ထားပြီး အရင်ထွက်ပြီးသား ဂိမ်းတွေနဲ့ အဓိက ကွာခြားချက်ကတော့ WWF နှင့် WWE ခေတ်မှ သမိုင်းဝင် ပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားနိုင်သလို မှတ်တမ်းတင် video footage  များကိုပါ ကြည့်ရှုနိုင်မယ့် 2K Showcase story mode ပဲ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ game mode ကတော့ ကစားသမား နှစ်ယောက်တစ်တွဲစီရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို မှတ်တမ်းတင်ထားတဲ့ Rivalry Mode ဖြစ်ပြီး John Cena နှင့် CM Punk တို့ရဲ့ တိုက်ပွဲတွေ၊ Triple H နှင့် Shawn Michaels တို့ရဲ့ ရန်ညှိုးထား တိုက်ခိုက်မှုတွေကို ဇာတ်လမ်းဆင်ထားလို့ အမာခံ WWE ပရိသတ်တွေ ကစားလို့ကောင်းမယ့် game mode အသစ်ဖြစ်ပါတယ်။

WWE2K15 ရဲ့ PC edition ဟာဆိုရင်လည်း Mod Support ပါဝင်တဲ့အတွက်ကြောင့် Costumes  တွေသာမက character models တွေမျိုးစုံ ပြင်ဆင်နိုင်မှာဖြစ်သလို graphics ပိုင်းကလည်း အရင်ဂိမ်းတွေကထက် နှစ်ဆနီးပါးလောက်ထိကို ပိုကောင်းလာပြီး gameplay ပိုင်းလည်း ပိုကောင်းလာတဲ့အတွက် WWE ပရိသတ်တွေ သဘောကျမယ့် ဂိမ်းသစ်ဖြစ်ပါတယ်။