Goobuntu

Goobuntu (Google Ubuntu) သည် ဝန်ထမ်း၏ ကွန်ပျူတာ desktop workstation များအတွက် Google မှ အသုံးပြုသည့် default operating system ဖြစ်သည်။

Goobuntu သည် အခြေခံအားဖြင့် အထူးဖန်တီးထားသည့် လုံခြုံရေး feature များ ပါဝင်သော Ubuntu ၏ long term support (LTS) ဗားရှင်းတစ်ခု ဖြစ်သည်။ Ubuntu သည် open source Debian အခြေခံ Linux distribution တစ်ခုဖြစ်ပြီး ၎င်းကို ပုဂ္ဂလိက ကုမ္ပဏီ Canonical Ltd မှ တာဝန်ယူစီမံဆောင်ရွက်သည်။ Ubuntu ဗားရှင်းသစ်များကို ခြောက်လတစ်ကြိမ်သာ ဖြန့်ချိသော်လည်း LTS ဗားရှင်းကိုမူ နှစ်နှစ်လျှင် တစ်ကြိမ် ဖြန့်ချိသောကြောင့် Google ကဲ့သို့သော ကုမ္ပဏီကြီးများအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့သည်။

Google အင်ဂျင်နီယာ သောမက်စ်ဘုရှ်နယ်၏ အဆိုအရ Google သည် Canonical ၏ Ubuntu Advantage support program နှင့် ပူးပေါင်းပြီး Google administrator များက Advanced Packaging Tool (APT) နှင့် desktop management အတွက် Puppet ကို အသုံးပြုကြကြောင်း သိရသည်။

၎င်း OS တွင် default graphical user interface (GUI) မပါဝင်သောကြောင့် ဝန်ထမ်းများအနေဖြင့် Ubuntu Unity, GNOME, KDE, X-Window နှင့် X-Terms တို့ကို အသုံးပြုနိုင်သည်။