Data mart

Data mart ဆိုသည်မှာ အချက်အလက်များကို သိုလှောင်ထားသော နေရာတစ်ခုဖြစ်ပြီး ဉာဏလုပ်သားများအတွက် သီးခြား အစုအဖွဲ့ တစ်ခုအနေဖြင့် လုပ်ဆောင်ရန် ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်သည်။

Data warehouse နှင့် data mart သည် သံတူကြောင်းကွဲ အနေဖြင့် မှားယွင်း အသုံးပြုကြသောကြာင့် တစ်ခါတစ်ရံတွင် အဓိပ္ပာယ် ရှုပ်ထွေးစေနိုင်သည်။ Data warehouse သည် အဖွဲ့အစည်းတစ်ခု၏ အချက်အလက် အားလုံးကို အဓိက သိုလှောင်ထားသော အရာ ဖြစ်သည်။ Data mart ၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းတစ်ခု အတွင်းရှိ လူစွမ်းအား အရင်းအမြစ်နှင့် ဘဏ္ဍာရေး ကဲ့သို့သော သုံးစွဲသူ အစုအဖွဲ့၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များကို ဖြည့်ဆည်းရန် အတွက် ဖြစ်သည်။ ထို့ကြောင့် data mart တစ်ခုသည် အဖွဲ့အစည်းတစ်ခုရှိ data warehouse ၏ အစိတ်အပိုင်းဟု ဆိုနိုင်သည်။

Data mart များသည် အချက်အလက် ရှာဖွေရှာတွင် ထူးခြားသော နည်းလမ်းဖြင့် လုပ်ဆောင်ပြီး သုံးစွဲသူ၏ လိုအပ်ချက်ကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် စတင်လုပ်ဆောင်သည်။ Data warehouse ၏ လုပ်ဆောင်ချက်မှာ ရှိပြီးသား အချက်အလက်များ၊ စုဆောင်းထားသော အချက်အလက်များကို မည်သည့် နည်းလမ်းဖြင့် အသုံးပြုမည် ဆိုခြင်းဖြင့် စတင် လုပ်ဆောင်သည်။ ယေဘုယျအားဖြင့် data warehouse တစ်ခုသည် မပြီးဆုံးသေးသော နည်းဗျူဟာ တစ်ခုဟု ဆိုနိုင်ပြီး data mart ကတော့ လိုအပ်ချက်ကို ချက်ချင်း ဖြည့်ဆည်းပေးနိုင်သော နည်းစနစ်ကျသည့် နည်းလမ်းဟု ဆိုနိုင်သည်။

ယနေ့ခေတ်တွင် data virtualization software သည် virtual data mart များကို ဖန်တီးခြင်း၊ ကွဲပြားခြားနားသည့် ရင်းမြစ်များမှ အချက်အလက်များ ရယူခြင်း အခြားအချက်အလက်များ ပေါင်းစပ်ခြင်း စသည်တို့တွင် အသုံးပြုလျက်ရှိသည်။ Virtual data mart တစ်ခုသည် ဉာဏလုပ်သားများ အတွက် ၎င်းတို့လိုအပ်သော အချက်အလက်များကို အသုံးပြုခွင့် ပေးနိုင်သည်။ အဖွဲ့အစည်းတစ်ခု၏ အချက်အလက် စီမံခန့်ခွဲမှု အဖွဲ့က အဖွဲ့အစည်း၏ အချက်အလက်များကို ထိန်းချုပ်နိုင်သည်။