Yi Action

Mi_1.jpg

ဘောလုံးကန်ချိန်၊ ကြက်တောင်ရိုက်ချိန်၊ ရေကူးချိန်၊ စကိတ်စီးချိန်၊ ခရီးသွားချိန် ယာဉ်မောင်းနေချိန်နှင့် မိမိ၏ လျှပ်တစ်ပြက် လှုပ်ရှားမှုများကို အလွယ်တကူ မှတ်တမ်းတင်ထားနိုင်မည့် Xiaomi အမှတ်တံဆိပ် Yi Action or Sport Camera ဖြစ်သည်။ မြင်ကွင်းကျယ် မှန်ဘီလူးပါဝင်သည့်အတွက် ရှုခင်းပုံများကို စိတ်တိုင်းကျ ရိုက်နိုင်မည် ဖြစ်သည်။ ကင်မရာတွင် မျက်နှာပြင်မပါဝင်ဘဲ မိမိ၏ လက်ကိုင်ဖုန်းနှင့် ကင်မရာကို  Wifi ဖြင့် ချိတ်ဆက်ကာ ဖုန်းကင်မရာမြင်ကွင်းမှတစ်ဆင့် အမိန့်ပေးခိုင်းစေနိုင်မည် ဖြစ်သည်။ iOS နှင့် Android ဖုန်းနှစ်မျိုးစလုံးဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာအောက်ခြေတွင် selfie stick/ tripod mount ပါဝင်သည့်အတွက် Selfie ရိုက်ရန် ဝါသနာပါသူများအတွက် အဆင်ပြေစေမည် ဖြစ်သည်။ ရေစိုခံ ကာဗာတပ်ထားပါက ကင်မရာကို ရေအောက် ၂၀ မီတာအထိ သယ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ကင်မရာ၏ resolution မှာ 16 MP ရှိပြီး ဗီဒီယိုကို HD အရည်အသွေးဖြင့် ရိုက်ကူးနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၁၀၅,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး My Mi Myanmar Online Store (www.facebook.com/MyMiMyanmar) ဖုန်း –  ၀၉-၉၇၀၇၀၇၈၈၁ နှင့် ဖုန်း – ၀၉-၄၅၀၀၃၆၄၀၁ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။