AOL ကို အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံဖြင့် Verizon ဝယ်ယူ

11233783_10152901923037825_8599671415584841604_n.jpg

အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီကြီး ဖြစ်သည့် Verizon Communications သည် AOL ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံဖြင့် ဝယ်ယူရန်အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

အကယ်၍ အဆိုပါ သဘောတူညီချက်ကို စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့များမှ အတည်ပြုပြီးပါက AOL အနေဖြင့် Verizon ၏ လက်အောက်ခံ ဌာနတစ်ခု ဖြစ်လာမည် ဖြစ်သည်။ အဆိုပါဌာနကို AOL ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် တင်မ်အမ်းစထရောင်းက ဆက်လက်ဦးဆောင်မည် ဖြစ်သည်။

Verizon ကမူ အထက်ပါ ဝယ်ယူမှုသည် မိုဘိုင်း platform များနှင့် ကြော်ငြာလုပ်ငန်းအတွက် အင်အားတိုးချဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

AOL သည် The Huffington Post, TechCrunch နှင့် Engadget အပါအဝင် ဒီဂျစ်တယ် မီဒီယာများကို ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။

“ယခုဝယ်ယူမှုက သုံးစွဲသူတွေ၊ ဖန်တီးသူတွေနဲ့ ကြော်ငြာရှင်တွေအတွက် အရည်အသွေးမြင့် အတွေ့အကြုံတွေကို ပေးစွမ်းရာမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်” ဟု Verizon ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ လိုဝယ်မက်အဒမ်က ပြောကြားခဲ့သည်။

Ref: USAToday