Ransomware

Ransomware ဆိုတာသည်မှာ အချက်အလက် ခိုးယူသော malware ဖြစ်သည်။ ၎င်း malware သည် တိုက်ခိုက်ခံရသူ၏ အချက်အလက်နှင့် decrypt လုပ်ထားသော ငွေပေးချေမှုများကို တိုက်ခိုက်သူများက encrypt လုပ်ပြီး အကျိုးရှိရှိ အသုံးချနိုင်သည်။

Ransomware program သည် e-mail attachment အပြင် ကူးစက်ခံထားရသည့် program နှင့် ထိန်းချုပ်ခံထားရသည့် website တို့မှတစ်ဆင့် ထည့်သွင်းနိုင်သည်။ ထိုကဲ့သို့သော ရည်ရွယ်ချက်များဖြင့် အသုံးပြုသည့် malware ကို တစ်ခါတစ်ရံတွင် cryptovirus, cryptotrojan နှင့် cryptoworm ဟူ၍ ခေါ်ဆိုကြသည်။

Ransomware သည် အသစ်ထွက်ပေါ်လာသည့် malware အမျိုးအစား မဟုတ်ပေ။ Cryptovirology: Extortion-Based Security Threats and Countermeasures ဟူသော စာတမ်းကို ရေးသားသူ ကိုလံဘီယာတက္ကသိုလ်နှင့် IBM မှ လုံခြုံရေး ကျွမ်းကျင်ပညာရှင်များက ၎င်း malware နှင့်ပတ်သက်သည့် အယူအဆကို ၁၉၉၆ ခုနှစ်ကတည်းက ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။

၂၀၀၆ ခုနှစ် မတ်လတွင် ransomware ကို Crypzip နှင့် Zippo ဟူ၍ လူသိများလာပြီး အင်တာနက်ပေါ်က private user များထံ ပျံ့နှံ့ခဲ့သည်။ Trojan horse program ကို လက်ခံသူများသည် ဒေါ်လာ ၃၀၀ ပေးဆောင်မှသာ ဖိုင်အားလုံးကို unlock လုပ်နိုင်မည်ဟု ဖော်ပြထားသော e-mail ကို လက်ခံရရှိခဲ့ကြသည်။ အခြား ransomware အမျိုးအစားမှာ Trojan တစ်ခုကို အသုံးပြုပြီး တိုက်ခိုက်ခံရသူ၏ ကွန်ပျူတာပေါ်မှ ဖိုင်များကို encrypt ပြုလုပ်ခြင်း ဖြစ်သည်။ အချက်အလက် ခိုးယူသူများသည် ဖိုင်များကို decrypt လုပ်ရန်အတွက် တရားဝင် website များထံ software ရောင်းချပြီး ပိုက်ဆံ ရှာကြသည်။

နောက်ထပ် အမျိုးအစား တစ်ခုမှာ malware က တိုက်ခိုက်ခံရသူကို ရဲအဖွဲ့၏ စုံစမ်းမေးမြန်းမှုအသွင် အယောင်ဆောင်ပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။ Malware ကူးစက်ခံရသော ကွန်ပျူတာ browser တွင် ရဲအဖွဲ့ အမှတ်တံဆိပ်နှင့် စာမျက်နှာတစ်ခု ဝင်ရောက်လာပြီး တိုက်ခိုက်ခံရသူ၏ ကွန်ပျူတာသည် တရားမဝင် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဒဏ်ကြေး ပေးဆောင်စေခြင်း ဖြစ်သည်။

Antivirus ကုမ္ပဏီ အများစုတွင် လူသိများသော ransomware အမျိုးအစားများကို ကာကွယ်တားဆီးရန် signature များရှိသည်။ အနာဂတ်တွင် အချက်အလက် ခိုးယူသော လုပ်ဆောင်မှုများကို ကာကွယ် တားဆီးရန်အတွက် သုံးစွဲသူများ အနေဖြင့် အချက်အလက်ကို ပုံမှန် back up လုပ်ခြင်း၊ အင်တာနက်ကို သတိရှိရှိဖြင့် သုံးခြင်းနှင့် သံသယဖြစ်ဖွယ် e-mail attachment များကို ဖွင့်ကြည့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ကို ပြုလုပ်ရန်လိုကြောင်း ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းထားသည်။