Google I/O 2015 တွင် Android M ကို ပြသရန် စီစဉ်နေ

Google-IO.jpg

Google သည် ယခုနှစ်မေလ ၂၈ ရက်နှင့် ၂၉ ရက်တွင် ကျင်းပမည့် I/O ကွန်ဖရင့်အတွက် အစီအစဉ် စာရင်းကို ဖြန့်ချိပေးခဲ့ပြီး ၎င်းကွန်ဖရင့်၌ Android M OS ကို အကြိုပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း Google အနေဖြင့် Android M ကို မိတ်ဆက် သွားမည်ဖြစ်ကြောင်း တိုက်ရိုက် မထုတ်ပြန် ခဲ့သော်လည်း OS ကို ရည်ညွှန်းထားသည့် Update ကဏ္ဍအတွက် Android ခေါင်းစဉ် အောက်တွင် စာသားများ ရေးသားထားခဲ့ကြောင်းကို 9to5Google က သတိပြုမိခဲ့သည်။ အဆိုပါ စာသားများမှာ Android M သည် လုပ်ငန်းခွင်များ အားလုံးတွင် အသုံးပြုနေသည့် Android ကို အဆင့်မြှင့်တင် ပေးနိုင်ကြောင်း ဖော်ပြထားသည်။ ကုန်လှောင်ရုံ လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး၊ ကွန်ပျူတာ ပညာရှင်များနှင့် အသေးစား လုပ်ငန်းများရှိ လုပ်သားများ အသုံးပြုနေသည့် ထုတ်ကုန် သန်းရာပေါင်းများစွာက ဈေးကွက်သစ်များစွာ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး လုပ်ငန်းများ၌ Android ထုတ်ကုန် များအားလုံး အသုံးပြုလာကြရန် ရည်မှန်းထားကြောင်း ရေးသားထားခဲ့သည်။

Google အနေဖြင့် Android M နှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

Ref: TheNextWeb