Star Wars: Battlefront ဂိမ်းခွေအား ၁၀ သန်းအထိ ရောင်းချနိုင်ရန် EA ရည်မှန်း

star+wars+battlefront.jpg

Star Wars: Battlefront ဂိမ်းခွေအား အခွေအရေအတွက် ၉ သန်းမှ ၁၀ သန်းအထိ ရောင်းချနိုင်ရန် ကုမ္ပဏီမှ ရည်မှန်းထားကြောင်း Electronics Arts CFO ဘလိတ်ဂျော်ဂျန်ဆင်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဂိမ်းကို Xbox One, PlayStation 4 နှင့် PC များအတွက် နိုဝင်ဘာလ ၁၇ ရက်တွင် ဖြန့်ချိသွားမည် ဖြစ်သည်။ Star Wars: Battlefront ဂိမ်းခွေ ၉ သန်းမှ ၁၀ သန်းခန့်ကို EA ၏ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွင်း ရောင်းချရန် မျှော်မှန်းထားခြင်းဖြစ်ပြီး အဆိုပါ အရေအတွက်သည် ဂိမ်းခွေ စုစုပေါင်း ရောင်းချရန် မျှော်မှန်းထားသည့် အရေအတွက် မဟုတ်ကြောင်း သိရသည်။ ထို့အပြင် Battlefront သည် Disney ၏ “Star Wars” ရုပ်ရှင်ကို အခြေပြု ထားခြင်းကြောင့် EA အနေဖြင့် Disney သို့မူပိုင်ခ ပေးချေ ရမည် ဖြစ်ကြောင်း ဂျော်ဂျန်ဆင်က ပြောဆိုခဲ့သည်။

ဆက်လက်ပြီး EA အနေဖြင့် Battelfront ဂိမ်း၏ အနာဂတ်အတွက် စိတ်လှုပ်ရှားလျက်ရှိပြီး အလွန်အကောင်းမြင် လျက်ရှိကြောင်း ဂျော်ဂျန်ဆင်က ပြောကြားခဲ့သည်။

Ref : CNET