iOS အတွက် Camera 51 app ဖြန့်ချိ

ipadlandscape.jpg

ပြီးခဲ့သည့် နွေရာသီက Android တွင်ဖြန့်ချိခဲ့သော Camera51 app သည် iOS အတွက်လည်း ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ app သည်မည်သူမဆို အလွယ်တကူဖြင့် အကောင်းဆုံး ပုံများကို ရိုက်ကူးနိုင်ရန် အထောက်အပံ့ ပေးမည်ဖြစ်သည်။ Camera 51 သည် ဓာတ်ပုံရိုက်ကူး ရုံသာမက editing tool များကို အသုံးပြုပြီးနောက် လူမှုရေး မီဒီယာများတွင် ဝေမျှနိုင်မည် ဖြစ်သည်။ ထို့အပြင်၎င်း app သည် ဓာတ်ပုံ ကောင်းစွာရိုက်ကူး နိုင်ရန်အတွက် သုံးစွဲသူ၏ ကင်မရာကို အပေါ်အောက်၊ ဘယ်ညာ လမ်းညွှန်ပေးမည် ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် လမ်းညွှန်မြားနောက် ကင်မရာကို ရွေ့လျား၍ aim box အတွင်း စမတ်ဖုန်း icon ကို slide ပြုလုပ်၍ ပုံကောင်းများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။

ထို့အပြင် ကုမ္ပဏီအနေဖြင့် ကင်မရာ အနေအထား၊ focus နှင့် exposure အတွက် မှန်ကန်သည့် လမ်းညွှန် ချက်များနှင့်အတူ သုံးစွဲသူများကို ထောက်ပံ့ရန် အရာဝတ္ထုများ၊ မျက်နှာများ၊ ပုံသဏ္ဌာန်များနှင့် မျဉ်းကြောင်းများကို ဆန်းစစ်အဖြေရှာရန် အထောက်အပံ့များ ထည့်သွင်းပေး ထားသည်။ ၎င်း app အတွင်း ပါဝင်သည့် auto-selfie function သည် အကောင်းဆုံး ဓာတ်ပုံများကို ခလုတ်နှိပ်စရာ မလိုအပ်ဘဲ အလိုအလျောက် ရိုက်ကူးပေးမည် ဖြစ်သည်။ Camera 51 app သည် iOS 8 နှင့် အထက်ရှိသော iPhone 5 နှင့်အထက် သို့မဟုတ် iPad 3 နှင့်အထက် ထုတ်ကုန်များတွင် အသုံးပြုနိုင်သည်။

Ref: TheNextWeb