Windows Command Prompt တွင် Auto Complete ကို Disable ပြုလုပ်ခြင်း

command-auto-complete-reg-values.jpg

အကယ်၍ သင်ဟာ Windows Operating System ရဲ့ Command Prompt ကို မကြာခဏ အသုံးပြုနေတဲ့ Super User တစ်ယောက်ဆိုရင်  Windows ရဲ့ Command Prompt ထဲမှာ အလုပ်လုပ်ရင်း Tab Key ကို နှိပ်ရတဲ့အခါမှာ Auto Complete Feature ကြောင့် မလိုအပ်တဲ့ ဖိုင်တွေကို ခေါ်မိမှာပါ။ ဒီလိုအချိန်မျိုးမှာ Windows ရဲ့ Command Prompt မှာ Tab Key ကို အသုံးပြုနိုင်ဖို့အတွက် Auto Complete ကိုယာယီ Disable ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Command Prompt ရဲ့ Auto Complete Feature ကို  ယာယီပိတ်ထား နိုင်ဖို့အတွက် နည်းလမ်း ၂ မျိုးနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပထမ နည်းလမ်းကတော့ Command Prompt ကနေပဲ အလွယ်တကူနဲ့ ယာယီပိတ်ထားနိုင်မယ့် နည်းလမ်းဖြစ်ပြီး ၊ နောက်တစ်နည်းကတော့ Registry ကနေ ပြုလုပ်မယ့် နည်းလမ်း ဖြစ်ပါတယ်။

Command Prompt ကနေ ပြုလုပ်ဖို့အတွက်ကတော့ Win + R Key ကို နှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။ Run Box ထဲမှာ cmd ဆိုပြီး ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Command Prompt Box ကျလာရင် cmd /f ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Run Box ထဲကနေလည်း cmd /f လို့ ရိုက်ထည့်ပြီး အလွယ်တကူနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးတာဟာ ယာယီလက်ရှိ သုံးနေတဲ့ အချိန်အတွက်သာ ဖြစ်ပါတယ်။

Registry ကနေ ပြုလုပ်ချင် သူတွေအတွက်ကတော့ Run Box မှာ Regedit ဆိုတဲ့ Command  ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Registry ထဲကို ရောက်သွားပြီဆိုရင် HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Command Processor ဆိုတဲ့ လမ်းကြောင်းအတိုင်း အဆင့်ဆင့် သွားပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါအတိုင်း မသွားလိုသူတွေ

အနေနဲ့ Registry Editor ရဲ့ Edit Button ကို နှိပ်ပါ။ ပြီးသွားရင် Find ဆိုတဲ့ Button ကို နှိပ်ပြီး Command Processor ဆိုတဲ့ Keyword ကို ရိုက်ထည့်ပေးပြီး Find ဆိုတာကို နှိပ်ပြီး တစ်ခါတည်းလည်း သွားနိုင်မှာ ဖြစ်ပါတယ်။

ပြီးသွားရင် “PathCompletionChar” ကို ရှာရမှာ ဖြစ်ပါတယ်။ တွေ့ပြီဆိုရင် အဆိုပါ ဖိုင်ကို Double Click နှိပ်ပြီး တန်ဖိုးကို 9  အဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ အလုပ်လုပ်ဆောင် နိုင်ဖို့အတွက် Ok ကို နှိပ်ပြီး Save ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Command Prompt ရဲ့ Auto Complete Feature ကို Disable ပြုလုပ်တဲ့နည်းလမ်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။