v6.84 Patch Update

maxresdefault-.jpg

The International Dota 2 Championship TI5 ပြိုင်ပွဲကြီးနဲ့အတူ v6.84 Patch Update ကိုလည်း မေလ ၁ ရက်နေ့နံနက်မှာ တရားဝင် ထုတ်လွှင့်ခဲ့ပါတယ်။ Update တရားဝင် မထွက်ခင် Bug ရှာဖို့အတွက် Valve ဟာ Update ကို ၃ ရက်ခန့်ကြိုပြီး Test Client မှာ တင်ပေးလေ့ရှိပါတယ်။ အဆိုပါ ကာလတုန်းက Update မှာ ပါဝင်လာမယ့် Item အသစ် ၈ မျိုးနဲ့ Aghanim’s Scepter Upgradeable Hero များစွာကိုလည်း ထည့်သွင်းပေးလိုက်တဲ့အတွက် v6.84 Patch Update ဟာ Dota သမိုင်းကြောင်းတစ်လျှောက် အဆိုးရွားဆုံးနဲ့ Imba (Imbalance) အဖြစ်ဆုံးလို့ ဝေဖန်မှုများစွာ ကြုံခဲ့ရပါတယ်။

ဒီဆောင်းပါးကို ဖတ်နေတဲ့ အချိန်မှာတော့ v6.84 မြေပုံဟာ တရားဝင်ကစားပြီးတာ ၂ ပတ် ခန့်တောင် ရှိနေလောက်ပါပြီ။ တရားဝင်မထွက်ခင်က Imba လို့ ပြောခဲ့ပေမယ့် တကယ်တမ်းဆော့ကြည့်ရာမှာ Imba ဖြစ်မနေတာကို ကစားသမားအားလုံးလည်း လက်ခံသွားပြီ ဖြစ်ပါတယ်။ TI5 ပြိုင်ပွဲကြီး နီးလာတာနဲ့အမျှ IceFrog ဟာ စိန်ခေါ်မှုပြင်းထန်တဲ့ ကစားပွဲတွေ ဖြစ်လာအောင် ဖန်တီးပေးလေ့ရှိပြီး ယခင်ပြင်ဆင်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် RaT Meta, Carry Meta ဖြစ်ခဲ့ရသလို ယခု အပြောင်းအလဲကတော့ Teamfight Meta ကို ဦးတည်နေတာ တွေ့ရပါတယ်။ အထူးခြားဆုံး အချက်တွေထဲမှာ Lane Creep, Neutral Creep တို့ကနေ ရရှိမယ့် Gold ကို သိသိသာသာ လျော့ချလိုက်တဲ့အပြင် Teamfight တစ်ခုမှာ တစ်ဖက်အသင်းရဲ့ Hero ကို Kill လိုက်လို့ရရှိလာမယ့် Teamfight Gold ဟာလည်း Networth အချမ်းသာဆုံး Hero က 25% လျော့ရမှာဖြစ်ပြီး အဆင်းရဲဆုံး Hero က 25% Gold ကို ပိုရမှာဖြစ်လို့ Carry နဲ့ Support ကွာဟချက်ကို ကျဉ်းမြောင်း သွားစေပါလိမ့်မယ်။ ဒါကြောင့် Support Hero တွေအတွက် အားသာချက်များ ရှိလာခဲ့ပြီး ဒီ Update မှာ Item ပိတ်တဲ့ Effect ကို Mute, Hero Buff ကို ပိတ်တဲ့ Effect ကို Break ဆိုပြီး ခွဲခြားသုံးနှုန်းမှုများလည်း အသစ်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။ ဥပမာ Doom Ulti ဟာ Mute ရော Break ပါ ပေါင်းစပ်သက်ရောက်တဲ့ Ability ဖြစ်လာပြီး Break ကတော့ တစ်ဖက် Hero ရဲ့ Positive Buff တွေ (Blur, Craggy Exterior, Moon Glaives, etc…) ကို ဖျက်ပေးတဲ့ Effect တစ်ခုပဲ ဖြစ်ပါတယ်။

ဒီလိုပြောင်းခေါ်ရခြင်းဟာ အသစ်ပါဝင်လာသော Item ဖြစ်တဲ့ Silver Edge နဲ့ Shadow Demon ရဲ့ Ultimate Demonic Purge တို့ဟာ Break သီးသန့် Buff သက်ရောက်မှုများဖြစ်ကြောင်း ကို မြင်သာစေဖို့အတွက်ဖြစ်ပြီး အဆိုပါ Break အပါအဝင် Negative Buff များကို ပယ်ဖျက်ပေးဖို့အတွက် Lotus Orb, Guardian Greaves တို့မှာလည်း Counter Item များအနေနဲ့ အသစ်ထည့်သွင်းပေး ထားပါတယ်။ Update မထွက်ခင်က Target Ability တွေ အားလုံးကို ထပ်တူပြန်လည်သက်ရောက်စေမယ့် Lotus Orb, Ability Cooldown လျှော့ပေးပြီး Magic Lifesteal ပေးမယ့် Octarine Core နဲ့ Attack Speed သီးသန့် Moon Shard တို့ကို Imba Item များလို့ သမုတ်ခဲ့ကြပေမယ့် တကယ်ထွက်လာတဲ့အခါမှာ Shadow Blade ကို အဆင့်မြှင့်တင်ထားတဲ့ Silver Edge, Mirana ရဲ့ Moonlight Shadow ပုံစံကို Magic Resistance နဲ့ တွဲဖက်ရရှိစေမယ့် Glimmer Cape နဲ့ Ally Hero အတွက် Armor, Evasion တို့ကို လွှဲပြောင်းပေးနိုင်ရုံမက Enemy Hero ကိုလည်း Armor  လျှော့ပြီး Miss Chance ဖြစ်ပေါ်စေမယ့် Solar Crest တို့ကိုသာ Public သာမကဘဲ Professional အဆင့်တွေမှာပါ အဓိက ရွေးချယ်လာတာကို တွေ့ ရပါတယ်။

အထူးခြားဆုံးအဖြစ် Agha-nim’s Scepter Upgrade Hero အသစ်များစွာ ထည့်သွင်းပေးခဲ့သလို ယခင်လူသုံးနည်းတဲ့ Aghanim’s Upgrade တွေကိုလည်း သိသိသာသာ မြှင့်တင်ပေးထားတာကို တွေ့ရပါတယ်။ ဒီ Upgrade (LC ရဲ့ အဆုံးမရှိ Dual, Naga ရဲ့ Fountain Healing ကိုပေးမယ့် Song of the Siren, Morph ရဲ့ Ally Hero တစ်ကောင်အတိုင်း ပုံစံတူကူးယူတိုက်ခိုက်နိုင်မယ့် Hybrid, NP ရဲ့ Last Hit Ultimate တိုင်းအတွက် Minion များ ထွက်လာစေမယ့် Wrath of Nature, Tinker ရဲ့ Bounce Blind ကိုပေးမယ့် Laser Beam, Nyx ရဲ့ မြေကြီးထဲ ဝင်ပုန်းပြီး အသာစီးကနေ တိုက်ခိုက်စေမယ့် Burrow, N’aix ရဲ့ Double AoE Damage ဖြင့် Super Nuke ဖြစ်စေမယ့် Assimilate., etc…) များဟာ Imba ဖြစ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ 4200 Gold နဲ့ Inventory တစ်ကွက် လိုအပ်ချက်ကြောင့် ထုံးစံအတိုင်း လက်တွေ့မှာ တကူးတက စပ်ဖို့ အခြေအနေ ပေးမလာခဲ့ပါဘူး။ Alchemist ကနေ Ally Hero ကို Aghanim’s Share ပေးမယ့် Upgrade ကို ထည့်သွင်းပေးထားပေမယ့် တကယ်လို့ မိမိဘာသာ စပ်ဖြစ်ခဲ့မယ်ဆိုရင်လည်း မိမိတစ်ဦး တစ်ယောက်တည်း  ကောင်းဖို့ စပ်တာမဟုတ်ဘဲ Teamfight အတွက် ရည်ရွယ်ချက်ရှိရှိစပ်အောင် စီစဉ်ထားတာဖြစ်လို့ IceFrog ရဲ့ Teamfight Meta အပြောင်းအလဲအပေါ် အကျိုးသက်ရောက်မှု ရှိလာစေမှာ ဖြစ်ပါတယ်။

အဓိကအားဖြင့် ယခင် Meta မှာ လူယူများတဲ့ Carry Hero တွေကို မသိမသာ လျှော့ထားပြီး Support Hero တွေကိုတော့ Minor Change အမြောက်အများ လုပ်ပေးထားတဲ့အပြင် Teamfight, Ganker, Initiator Hero များကိုတော့ သိသိသာသာ တိုးပေးထားတာကို တွေ့ရပါတယ်။ အသိသာဆုံး အပြောင်းအလဲတွေကတော့ Leshrac ရဲ့ Lightning Storm Slow Time ကို တင်ပေးခြင်းကြောင့် Diabolic Eddict ကို မယူစေတော့ခြင်း၊ Visage Familiars များနဲ့ Undying Tombstone’s Zombies များကို ယခင် Hp စနစ်အစား Pugna ရဲ့ Netherward ကဲ့သို့ ခုတ်ချက်အရေအတွက်ပေါ် မူတည်၍ ဖျက်စီးရသည့် စနစ်သို့ ပြောင်းလဲပေးခြင်း၊ Ursa Warrior Ultimate Enrage ကို Damage အစား 80% All Damage Resistance နဲ့ Fury Swipe Damage အဆ မြှင့်တင်တဲ့ ပုံစံအဖြစ် ပြောင်းလဲပေးခြင်း၊ Broodmother  ရဲ့ Incapacitating Bite ကို Unique Attack Modifier အဖြစ် မသတ်မှတ်တော့ခြင်း၊ Gyrocopter Ultimate Call Down ရဲ့ Secondary Rocket Slow Duration ကို မြှင့်တင်ပေးခြင်း၊ lvl 25 Invoker ရဲ့ Deafening Blast ကို 360 Degree ပတ်လည်သို့ ထွက်စေခြင်း၊ Kotl ရဲ့ Chakra Magic မှာ နောက်ထပ်သုံးမယ့် Ability ရဲ့ Cooldown ကို လျှော့ချပေးမယ့် Passive Buff တစ်ခု ထည့်သွင်းထားခြင်း၊ Oracle ရဲ့ Ultimate False Promise ကို Invisible မဖြစ်စေတော့ဘဲ 9 seconds အတွင်းမှာ မည်သည့် Disable, Negative Buff, Damage တစ်ခုနဲ့မှ သက်ရောက်မှုမရှိတော့အောင် ဟန့်တားပေးသည့်ပုံစံ အဖြစ် ပြောင်းလဲစေခြင်းနှင့် Winter Wyvern ကို Captain Mode အတွက် ထည့်သွင်းပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

TI5 Compendium Book ဟာလည်း ယခင်နှစ်များထက် Stretch Goal အပေါ်များစွာ မူတည်အောင် စီစဉ်ထားပြီး Book ဝယ်တဲ့လူတိုင်းကို Compendium Coin များရရှိစေမယ့် Challenge Game များ ထည့်သွင်းပေးထားကာ TI5 မပြီးမချင်း Item အသစ်တွေနဲ့ လဲလှယ်ခွင့်ရှိအောင် လုပ်ပေးထားသလို၊ Book ကို Lvl တင်နိုင်မယ့် ကစားသမားများအတွက် Immortal Treasure Box I, II, III, Enigma’s World Chasm Artifact, Courier, Pet တို့ကို ရရှိစေမှာ ဖြစ်ပါတယ်။ ယခင်နှစ်များတုန်းကလို Item Recycling, 10 Hero Challenge, Daily Hero Challenge တို့ကို ထည့်သွင်းထားခြင်းမရှိတဲ့အတွက် စာအုပ် Lvl တက်ဖို့ ပိုက်ဆံမသုံးမနေရဖြစ်အောင် လုပ်ထားတဲ့ စနစ်ကြောင့် လူအများဝေဖန်မှုကို ခံနေရပေမယ့် မည်သို့ပင် ဆိုစေကာမှု ယခုနှစ် TI5 Prize Pool ဟာလည်း ယခင်နှစ်ထက် ကျော်လွန် သွားဖို့ သေချာ သလောက်ရှိပြီး လူစိတ်ဝင်စားမှု၊ များမြဲ၊ များဆဲဆိုတဲ့ အချက်ကိုတော့ ငြင်းလို့မရပါဘူး။

TI5 နဲ့အတူ ထွက်ရှိလာတဲ့ v6.84 Update ဟာ Support ကစားသမားတွေကို မျက်နှာပွင့်စေပြီး Buff များ၊ Passive များကို အပြန်အလှန် Counter လုပ်နိုင်အောင် စီစဉ်ထားတဲ့အတွက်
Farm နေရုံနဲ့ အားသာလာမှာမဟုတ်ဘဲ Teamfight နိုင်မှ ကစားပွဲနိုင်မှာဖြစ်လို့ နောက်ထပ် မြေပုံအသစ် မထွက်ခင်အထိ၊ Meta မပြောင်းခင်အထိ Teamfight အကောင်းစားများကို ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ IceFrog ရဲ့ ထင်ထင်ရှားရှား ပြင်ဆင်မှုများကြောင့် Captain Mode တွေမှာ ရွေးချယ်စရာ Hero Pool တွေလည်း များလာမှာဖြစ်လို့ Premium အဆင့် ကစားသမားတွေရဲ့ စိတ်လှုပ်ရှားစရာ Draft များ၊ အားရစရာ ဗျူ ဟာများနဲ့ ရင်သပ်ရှုမောစရာ Teamfight များကို ခေါ်ဆောင်လာပေးမယ့် အပြောင်းအလဲတစ်ခုဆိုတာ မမှားပါဘူး။

yahooyeeha
www.myanmardota2.com