မလေးရှားနိုင်ငံ KDU တွင် Diploma in Business ဘာသာရပ်ကို တက်ရောက်နေသည့် မအေးစုပိုင်၏ Student Life

Photo(2)(1).jpg

ဒီအပတ်မှာတော့ မလေးရှားနိုင်ငံ ပီနန်မြို့ရှိ KDU မှာ Diploma in Business ဘာသာရပ်ကို တက်ရောက်နေတဲ့ မအေးစုပိုင်ရဲ့ Student Lifeဘ ကို ဖော်ပြပေး မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ပညာအရည် အချင်းကို ပြောပြပေးပါ။  

၂၀၁၃ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။

ပညာသင်ဆုရခဲ့တယ်လို့ သိရတယ်။ ဘယ်လောက်ရာခိုင်နှုန်းကို ဘယ်သာသာရပ်အတွက် ရရှိခဲ့တာလဲ။

ပညာသင်ဆုက ၅၀ ရာခိုင်နှုန်းရခဲ့တယ်။ ဘာသာရပ်က Diploma in Business ပါ။

KDU (ပီနန်) ကောလိပ်ကို ရွေးချယ်ရတဲ့ အကြောင်းအရင်း ပြောပြပါဦး။

 KDU (ပီနန်) အကြောင်းကို သမီး မလေးရှား Taylor’s တက္ကသိုလ်မှာ Intensive English Program ကို တက်နေရင်းနဲ့ သိခဲ့တာ။ Taylor’s မှာ တက်နေရင်း နဲ့ ပီနန်မြို့ကို သွားလည်ဖူးတယ်။ မြို့ကလည်း အရမ်းအေးချမ်းတယ်။ အစားအသောက်ကတော့ Top 1 ပဲ။ ဘာပဲစားစား အကုန်အရသာရှိတယ်။ ခဏလေး သွားလည်တာတောင် ကြိုက်သွားလို့ ပီနန်မြို့မှာရှိတဲ့ ကျောင်းကောင်းကောင်းကို သမီး Taylor’s မှာ တက်နေရင်းနဲ့ သူငယ်ချင်းတွေကို မေးပြီးရှာတော့ သူတို့က KDU ကျောင်းကို ညွှန်တယ်။ KDU (ပီနန်) ကျောင်းကို Email နဲ့ လှမ်းမေးတော့ မြန်မာနိုင်ငံရဲ့ အဓိကဌာနေကိုယ်စားလှယ် MSI ကို ပြန်လွှဲပေးတယ်။ အဲဒီတော့ Taylor’s မှာ ကျောင်းတက်နေရင်းနဲ့ လိုအပ်တဲ့ သတင်းအချက်တွေအားလုံးကို MSI က မမစုနဲ့ ဖုန်းသေချာပြောပြီး Myanmar Search International (MSI) ကတစ်ဆင့် ပညာသင်ဆုကို လျှောက်ခဲ့တယ်။ ကျောင်းကိုတော့ ကိုယ်တိုင်ထပ်ပြီး သွားကြည့်တယ်။ Officer တွေနဲ့ တိုက်ရိုက်တွေ့ခဲ့ရတယ်။ ပညာသင်ဆု အခွင့်အရေးကိုတော့ MSI ကို လုံးဝအပ်လိုက်တယ်။ MSI ကပဲ လျှောက်ပေးခဲ့ပါတယ်။ Taylor’s ကျောင်းက လည်း Transfer ကူးလို့ရတဲ့ကျောင်းဖြစ်နေတော့ သမီးအတွက် တော်တော်အဆင်ပြေတယ်။ Taylor’s ကနေ KDU (ပီနန်) ကို ပြောင်းလိုက် ရတာက မြို့ကိုကြိုက်လို့ရယ်၊ ပညာသင်ဆုပေးတဲ့ အတွက်ကြောင့်ပါ။

ပညာသင်ဆုနဲ့ ပတ်သက်ပြီး လိုအပ်ချက်လေးတွေပြောပေးပါဦး။

KDU ရဲ့ ၂၀၁၅ ခုနှစ် ပညာသင်ဆုဟာ မြန်မာနိုင်ငံအတွက် ဖြစ်လာတာပါ။ နိုင်ငံခြားမှာပညာသင်ဆုနဲ့ သွားချင်တဲ့သူတွေ အတွက် မဟာအခွင့်အရေးလို့ ပြောလို့ ရတယ်။ တက္ကသိုလ်ဝင်တန်းအောင်ပြီးသား ကျောင်းသား၊ ကျောင်းသူအားလုံး မည်သူမဆို လျှောက်ထားလို့ရတယ်။ စာမေးပွဲရမှတ်တွေနဲ့ အခြား စာရွက်စာတမ်းတွေပေါ်မူတည်ပြီိး ပညာသင်ဆုတွေပေးတာ။ အသေးစိတ်ကိုတော့ Myanmar Search International (MSI) ကနေ တစ်ဆင့်မေးပြီး လျှောက်တာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေး အခြေအနေနဲ့ပတ်သက်ပြီး အမြင်လေးပြောပေးပါ။

အခု မြန်မာနိုင်ငံမှာ Private School တွေ အများကြီးဖွင့်ထားတယ်။ သမီးတို့အတွက် ရွေးချယ်စရာတွေ များလာတာပေါ့။ မိဘနဲ့လည်း မခွဲရတော့ဘူးပေါ့။ ဒါပေမဲ့ နိုင်ငံခြားမှာ သင်တာနဲ့တော့ ကွာတယ်။ သင်ကြားပေးနေတဲ့ ဆရာတွေကလည်း နည်းတယ်လို့ သမီးပတ်ဝန်းကျင်က ကြားရတယ်။ နောက်တစ်ခုက အတွေ့အကြုံကွာတယ်။ မိဘရဲ့ထိန်းချုပ်မှု အောက်မှာနေပြီး ပညာသင်ရတာနဲ့နိုင်ငံခြားမှာကိုယ့် ခြေထောက်ကိုယ်ရပ်ပြီး ပညာသင်ရတဲ့ အတွေ့အကြုံ ကွာတယ်။ ကျောင်းလခ ကုန်ကျစရိတ်လည်း ကွာမယ်။ သမီးကတော့ ဒီလိုတွက်တယ်။ မြန်မာနိုင်ငံမှာနေရင် ကုန်ကျစရိတ် သက်သာမယ်။ နိုင်ငံခြားမှာသင်ရင် ကုန်ကျ စရိတ်ပေးရမယ်။ မြန်မာနိုင်ငံမှာနေပြီး ကိုယ့်အသုံးစရိတ်က တစ်လကို ၁ သိန်း ကုန်ကျမယ်ဆိုရင် နိုင်ငံခြားမှာ ၃ သိန်းလောက် ကုန်မယ်။ သိပ်မကွာရင် နိုင်ငံခြားမှာ တက်မယ်။ ကျောင်းလခကတော့ ဟိုကကျောင်းလခနဲ့ ဒီကကျောင်းလခ သိပ်မကွာလောက်ဘူး။ ဒါကြောင့် နိုင်ငံခြားကိုရွေးလိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူကြဘူး။

ညီမရဲ့ ပညာရေးအနာဂတ်ကို ဘယ် လိုရည်မှန်းထားလဲ။

KDU (ပီနန်) က Diploma ပြီးရင် Bachelor ကို အဲဒီကျောင်းမှာပဲ ဆက်တက်မယ်။ Bachelor က အင်္ဂလန်နိုင်ငံမှာရှိတဲ့ ကျောင်းတွေထဲကမှ အဆင့်သတ်မှတ်ချက်က ၄၃ မှာရှိတဲ့ ကျောင်းဖြစ်တဲ့ Keele University က ပေးမှာပါ။

Keele University ကဘွဲ့ရပြိီးရင် အလုပ်အကိုင်အခွင့်အလမ်းတွေက ဘာတွေရှိလဲ။

ပီနန်မှာ စက်ရုံ၊ အလုပ်ရုံတွေ နိုင်ငံတကာကုမ္ပဏီတွေ၊ အမေရိကန်ဘက်က ကုမ္ပဏီတွေ ပိုများတယ်။ ကျောင်းတက်နေရင်း အလုပ်သင်ကာလရှိတဲ့ Diploma တန်းမှာကျတော့ အလုပ်သင်ကာလက ကိုယ့်စိတ်ပေါ်ပဲ မူတည်တယ်။ ကိုယ်လုပ်ချင်ရင် ကျောင်းကိုကြိုပြောရတယ်။ နောက်ဆုံး Semester မရောက်ခင် ကျောင်းရဲ့ ခွင့်ပြုချက်နဲ့လိုအပ်ရင် လူမှုကြီးကြပ်ရေး ခွင့်ပြုချက်ကိုရယူပြီး အလုပ်သင်အနေနဲ့ လုပ်လို့ရတယ်။ ကိုယ့်ပေါ်ပဲ မူတည်တယ်။ Bachelor မှာလည်း အဲဒီလိုပဲ။ ကျောင်းသားတွေကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးထားတယ်။ ပီနန်မြို့က စက်မှုဇုန်မြို့ဆိုတော့ Internship (အလုပ်သင်) အတွက်တော့ အခက်အခဲမရှိပါဘူး။ အလုပ်သင်ကာလလုပ်လို့ရ တဲ့ကျောင်းက သမီးသိသလောက် စင်ကာပူမှာရော၊ ထိုင်းမှာရော မရှိဘူး။ အလုပ်ကိုင် အခွင့်အလမ်းကတော့ကောင်းမှာပါ။ 

ပညာသင်ဆု လျှောက်ထားမယ့် ကျောင်းသားတွေကို ညီမရဲ့အကြံပြုချက်လေး ပြောပြပေးပါ။

ပညာသင်ဆုကိုလျှောက်မယ်ဆိုရင် အချိန်ကုန်မခံပါနဲ့။ KDU ကိုလာပြီးကျောင်းလျှောက်ပါ။ ၁၀ တန်း အမှတ် ကောင်းအောင် လုပ်ပါ။ Active အမြဲတမ်းဖြစ်နေပါ။ IGCSE ဖြေထားတဲ့သူတွေဆိုရင်လည်း အမှတ်ကောင်းအောင် လုပ်ပါ။ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသားတွေဖြစ်နေရင်လည်း MSI နဲ့ တိုင်ပင်ပြီး ကိုယ်သင်ချင်တဲ့ဘာသာတွေ လျှောက်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။