AStar Myanmar Youth Scholarship

Astar.jpg

မြန်မာကျောင်းသား၊ ကျောင်းသူများ အတွက် စင်ကာပူနိုင်ငံတွင် လေးနှစ်တာ အလယ်တန်းနှင့် တက္ကသိုလ် ဝင်တန်းကို ဆက်လက် ဆည်းပူးနိုင်ရေးအတွက် Astar စင်ကာပူနိုင်ငံ သိပ္ပံ နည်းပညာနှင့် သုတေသန အေဂျင်စီမှ ပညာသင်ဆုများ ချီးမြှင့်မည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက် နောက်ဆုံးထားလျှောက်ရမည် ဖြစ်ပြီး လျှောက်လွှာများကို စင်ကာပူသံရုံး၊ အမှတ် (၂၃၈) ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်တွင် ရယူနိုင်မည် ဖြစ် သည်။ ရွေးချယ်မှု စာမေးပွဲနှင့် နှုတ်ဖြေကို စင်ကာပူ နိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။  ထိုစာမေးပွဲနှင့် နှုတ်ဖြေအတွက် ကျသင့်သော ခရီးနှင့် တခြား စရိတ်များအတွက် ပေးချေမည်မဟုတ်ကြောင်း သိရသည်။ Astar နှင့်ပတ်သက်သည့် အချက်အလက်များကို www.a-star.edu.sg တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။ Astar Young Researcher Attachment Programme (YRAP) အစီအစဉ်အတွက် ရွေးချယ်ခံရမည့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းပိတ်ရက် အချိန်ကာလများတွင် Astar သုတေသန အဖွဲ့အစည်းများ (Astar Researcher Institutes) တွင် ပညာသင်အဖြစ် သုတေသန အတွေ့အကြုံရရှိမည် ဖြစ်သည်။

ပညာသင်ဆုတန်ဖိုးများ

နှစ်စဉ်ထောက်ပံ့ကြေး ကနဦး ထောက်ပံ့ကြေး ကျောင်းလခနှင့်စာမေးပွဲ ကင်းလွတ်ခွင့် အဆောင်နေစရိတ် ဆေးဝါး ကုသမှုဆိုင်ရာ ထောက်ပံ့မှုနှင့် မတော်တဆ ထိခိုက်မှု အာမခံကြေးနှင့် ရိုးရိုးလေယာဉ်လက်မှတ်

ပညာသင်ဆု လျှောက်ထားရန် လိုအပ်ချက်များ

ပညာသင်ဆုလျှောက်ထား သူများသည် မြန်မာနိုင်ငံသား လူငယ်များဖြစ်ရမည် ဖြစ်သလို ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ် အတွင်း မွေးဖွားသူများနှင့် အနည်းဆုံး ၈ တန်း (Grade9) အောင်မြင်ပြီး သူများ ဖြစ်ရမည် ဖြစ်သည်။
ပညာထူးချွန်မှု မှတ်တမ်း ရှိရမည်ဖြစ်ပြီး Grade 9 နှင့် ၁၀ တန်းတွင် အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခု အနေဖြင့် သင်ကြားခဲ့ရမည် ဖြစ်သည်။

ပညာသင်ဆုအကြောင်း စုံစမ်းနိုင်မည့် ဝက်ဘ်ဆိုက်လိပ်စာ
www.moe.gov.sg