PS3 အော်ရီဂျင်နယ် ဂိမ်းခွေများကို ငှားရမ်း ဆော့ကစားနိုင်ပြီ

UNIMAX-Rechargeable-LED-Lantern-(5).jpg

SONY PS3 ဂိမ်းစက်များကို ဝယ်ယူ ဆော့ကစားကြရာတွင် ယခုနောက်ပိုင်း ထွက်ရှိလာသော PS3 Super Slim နှင့် အချို့  Slim Model  ဂိမ်းစက်များ၏ System Version မြင့်မားမှုကြောင့် Downgrade ချမရခြင်း၊ ODE စနစ်ဖြင့် Jailbreak လုပ်မရခြင်းတို့ကြောင့် PS3 Original ဂိမ်းခွေများဖြင့်သာ ဆော့ကစားနေကြရကြောင်း၊ Original ဂိမ်းခွေများဖြင့်ကစားရာတွင် PS3 Original ဂိမ်းခွေများသည် ဈေးနှုန်းကြီးမြင့်သည့်အတွက်လည်းကောင်း၊ ဂိမ်းခွေများအား စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူရန် ခက်ခဲခြင်းတို့ကြောင့် ဂိမ်းခွေသစ် ထပ်မံဝယ်ယူ ကစားလိုသူများအနေဖြင့် အဆင်မပြေမှု များဖြစ်ပေါ်လျက်ရှိရာ ယခုအခါတွင် အဆိုပါ ဂိမ်းဝါသနာရှင်များအတွက် ဈေးနှုန်းချိုသာစွာဖြင့် PS3 ဂိမ်းခွေများအား ရက်ရှည် ငှားရမ်းဆော့ကစားနိုင်မည့် ဝန်ဆောင်မှုတစ်ခုကို ပထမဦးဆုံး အနေဖြင့် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ငှားရမ်း ဆော့ကစားနိုင်မည့် ဂိမ်းခွေများအား နာမည်ကျော်ဂိမ်း ကစားနည်းများအပြင် အခြားသောဂိမ်းအမျိုးအစား စုံလင်စွာ ရွေးချယ် ငှားရမ်းကစားနိုင်မည်ဖြစ်ပြီး တစ်ပတ်အတွက် ငှားရမ်းခမှာ ၃၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ငှားရမ်းဆော့ကစားလိုသူများ အနေဖြင့် အသေးစိတ် အချက်အလက်များကို ကိုမြတ်သူ SONY GAME SALE & SERVICE ဖုန်း – ၀၉-၄၃၀၇၅၁၅၄ နှင့် ၀၉-၇၉၆၂၉၆၉၈၉ သို့ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။