Ubuntu OS တွင် Caffeine ကို ထည့်သွင်း အသုံးပြုခြင်း

pEdTDaR.jpg

Ubuntu OS ဟာ အသုံးမပြုတဲ့ အချိန်တွေ ကြာလာတယ်ဆိုရင် အလိုအလျောက် Sleep Mode ဖြစ်သွားခြင်း Screensaver အဖြစ် အလုပ်လုပ်ဆောင် ခြင်းများကို ပြုလုပ်တတ်ပါတယ်။ ဒီလိုအဖြစ် မျိုးတွေဟာ ရုပ်ရှင်ကြည့်နေတဲ့ အခါမျိုးတွေမှာ ပိုမိုကြုံတွေရမှာပါ။ ဒါကြောင့် Ubuntu OS မှာ အသုံးမပြုတဲ့ အချိန်  Sleep Mode, Screensaver အစရှိတာတွေ မဖြစ်ရအောင် Caffeine ဆိုတဲ့  App ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ် ပါတယ်။

Ubuntu OS မှာ Caffeine App ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့  Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update

ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

နောက်တစ်ဆင့်ကတော့ Caffeine App 2.8.2 Version ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo add-apt-repository ppa:caffeine-developers/ppa

sudo apt-get update

sudo apt-get install caff

eine libappindicator3-1 gir1.

2-appindicator3-0.1 ဆိုတဲ့ Command တွေဖြစ်ပြီး ဒီ Command တွေကတော့  Ubuntu 14.04 Version အတွက်ဖြစ်ပြီး 14.04 Version နှင့် 15.04 Version အသုံးပြု သူများအတွက် ကတော့

sudo apt-get install libapp

indicator3-1 gir1.2-appindica

tor3-0.1 gdebi

wget http://ppa.launch

pad.net/caffeine-develo

pers/ppa/ubuntu/pool/

main/c/caffeine/caffeine_

2.8.2_all.deb

sudogdebi caffeine_2.8.

2_all.deb

ဆိုတဲ့ Command  တွေကို အသုံးပြုပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ Caffeine ကို ပြန်လည်ဖယ်ရှား ချင်သူတွေ အသုံးပြုရမယ့် Command ကတော့ –

sudo apt-get remove caff

eine

ဆိုတဲ့ Command ပဲဖြစ်ပါတယ်။