Port Mirroring

Port mirroring ဆိုသည်မှာ packet တစ်ခုစီကို copy လုပ်ပြီး network switch port တစ်ခုမှ အခြားထံ ပေးပို့သော network traffic ကို စောင့်ကြည့်သည့် နည်းလမ်းတစ်ရပ် ဖြစ်သည်။

Port mirroring သည် administrator က switch စွမ်းဆောင်ရည်ကို အနီးကပ် ခြေရာခံပြီး port အတွက် protocol analyzer ကိုထားကာ mirrored data ကို လက်ခံသည်။ Port mirroring ဆိုသည်မှာ ယေဘုယျအမည် ဖြစ်သည်။ Switch ထုတ်လုပ်သူ အများအပြားသည် နည်းပညာအတွက် ၎င်းတို့၏ ကိုယ်ပိုင်အမည်တွေကို ပေးလေ့ရှိသည်။ ဥပမာ Cisco ကခေါ်ဆိုသည် port monitoring SPAN က Switched Port Analyzer ကို ခေါ်ဆိုခြင်း ဖြစ်သည်။

Administrator တစ်ဦးသည် packet အားလုံးကို copy လုပ်သည့် port နှင့် ၎င်း packet များထံ ပေးပို့မည့် နောက်ထပ် port ကို သတ်မှတ်ပြီး port mirroring ကို စီစဉ်လုပ်ဆောင်သည်။ ထို့နောက် administrator က mirrored data ကို လက်ခံသည့် port တွင် protocol analyzer ကို အသုံးပြုပြီး segment တစ်ခုချင်းစီကို စောင့်ကြည့်သည်။ Sniffer သို့မဟုတ် packet sniffer ဟူ၍လည်း ခေါ်ဆိုသည့် analyzer သည် မူရင်း port က client အပေါ် အကျိုးသက်ရောက်မှု မရှိစေဘဲ အချက်အလက်များကို တွက်ချက်ပြီး စောင့်ကြည့် ဖမ်းယူသည်။

Network administrator များသည် port mirroring ကို diagnostic သို့မဟုတ် debugging tool အနေဖြင့်လည်း အသုံးပြုနိုင်သည်။ Port mirroring သည် အလုပ်လုပ်နေချိန်တွင် CPU resource များကို သိသာထင်ရှားစွာ အသုံးပြုပေမယ့်လည်း တိုက်ခိုက်မှု တစ်ခုခု ဖြစ်ပေါ်ချိန်တွင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။