Marine Music Player

Marine.jpg

Marine Music Player App သည် Online Music ကို ဝန်ဆောင်မှုပေးနေသည့် Audio Player App တစ်ခုဖြစ်သည်။ ဒီဇိုင်းသွင်ပြင်လှပပြီး Playlist များကိုလည်း ပြုလုပ်ပေးထားနိုင်မည်ဖြစ်သည်။ ထို့ပြင် သီချင်းစာသားများကို ရှာဖွေနိုင်ရန်အတွက်လည်း အထောက်အပံ့ပေးထားပြီး အသံပိုင်းကို စိတ်ကြိုက်ချိန်ညှိနိုင်စေရန်အတွက် Equalizer ကိုလည်း ထည့်သွင်းပေးထားသည်။

အဆိုပါ App ကို Play Store တွင် ယခင်က ကန်ဒေါ်လာ ၄.၀၁ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယနေ့အတွက်တော့ တစ်ရက်တာအခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ Android Version 2.3.3 နှင့်အထက်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။