Prime member များ ဓာတ်ပုံ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်မည့် အစီအစဉ်ကို Amazon မိတ်ဆက်

Amazon-is-extending-its-unlimited-photo-storage-feature.jpg

Prime member များက ဓာတ်ပုံအကန့်အသတ်မရှိ သိမ်းဆည်းနိုင်မည့် အစီအစဉ်ကို  Amazon မှထောက်ပံ့ ပေးခဲ့သည်။

၎င်းအစီအစဉ်သည် Box, Dropbox, One Drive, Google Drive ကဲ့သို့သော နာမည်ကျော် cloud သိုလှောင်မှုစနစ် ဝန်ဆောင်မှုများနှင့် တူညီသည်။ Amazon ၏ Prime Photo များသည် အရေအတွက် သန်း ၂၀ ကျော်ရှိသည့် Prime member များက သီချင်း၊ ဗီဒီယို၊ စာရွက်စာတမ်းနှင့် ဓာတ်ပုံများကို သိမ်းဆည်းနိုင်ပြီး မည်သည့် ထုတ်ကုန်မှမဆို ပြန်လည်အသုံးပြု နိုင်စေမည်ဖြစ်သည်။ သုံးစွဲသူများသည် Apple iOS နှင့် Google Android ထုတ်ကုန်များမှ ဓာတ်ပုံများ တင်နိုင်သလို Web မှတစ်ဆင့်လည်း ဒီဂျစ်တယ်ဖိုင်များအား တင်နိုင်မည်ဖြစ်သည်။

Amazon ၏ Cloud Drive ဝန်ဆောင်မှုကို မှတ်ပုံတင်ပြီး သုံးစွဲသူများ အနေဖြင့်လည်း အခမဲ့သိုလှောင် သိမ်းဆည်းခွင့် 5GB ရရှိမည်ဖြစ်သည်။ ၎င်းပမာဏသည် သီချင်း ၂,၀၀၀ ခန့်ကို သိမ်းဆည်းရာတွင် လုံလောက်သည့် ပမာဏဖြစ်ကြောင်း Amazon  မှပြောကြားခဲ့သည်။ Amazon သည် Fire tablet များနှင့် စမတ်ဖုန်းများကို သုံးစွဲသူများ အတွက်လည်း အကန့်အသတ်မရှိ ဓာတ်ပုံများ သိမ်းဆည်းနိုင်မည့် ဝန်ဆောင်မှုကို ယခုနှစ်အစောပိုင်းက မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

Prime member များ ဓာတ်ပုံ အကန့်အသတ်မရှိ သိမ်းဆည်းနိုင်မည့် အစီအစဉ်သည် တစ်နှစ်လျှင် ၉၉ ဒေါ်လာကျသင့်မည့် Prime member ဖြစ်ခွင့်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။

-နောင်နောင်
Ref : CNET