LB Link အမှတ်တံဆိပ် Wireless N Router မိတ်ဆက်ပွဲပြုလုပ်

LB-1.jpg
LB-2.jpg
LB-3.jpg
LB-4.jpg

တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော B-LINK ELECTRONIC CO.,LTD မှ ထုတ်လုပ်သည့် LB Link အမှတ်တံဆိပ် Wireless N Router နှင့် ဆက်စပ်ပစ္စည်းများ မိတ်ဆက်ပွဲကို မေလ ၆ ရက်၊ ညနေ ၆ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (၉၀) ရှိ ကျိုင်းတုံစားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မိတ်ဆက်ပွဲတွင် B-LINK ELECTRONIC CO.,LTD မှ Mr.Raymond Xi (Sales Director) က LB Link ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံတွင် တင်သွင်းဖြန့်ချိ ခွင့်ရရှိမည့် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် STERLING SILVER SOLUTIONS ကုမ္ပဏီကို ခန့်အပ်ထားကြောင်း ပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

“ကျွန်တော်တို့ ဒီ LB Link အမှတ်တံဆိပ် ထုတ်ကုန်တွေကို မြန်မာပြည်မှာ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ဖြန့်ချိ ခွင့်ရရှိတဲ့အတွက် အရမ်းပဲ ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ ဒီပစ္စည်းတွေကို မေလရဲ့ ဒုတိယအပတ်လောက်မှာ မြန်မာပြည်အတွင်း စတင်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်” ဟု STERLING SILVER SOLUTIONS ကုမ္ပဏီမှ မန်နေဂျာ ကိုအောင်လင်းက ပြောကြားခဲ့သည်။